AB News – အောက်တိုဘာ ၁၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်ခရိုင်၊ မအီမြို့၊ အမှတ် (၁) ရပ်ကွက်တွင် ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၁၀ ရက်၊ နံနက် ၇ နာရီ၊ ၂၀ မိနစ်ခန့်အချိန်က မအီမြို့၊ အမှတ် ၁ ရပ်ကွက်နေ ဦးသိန်းထွန်း ၏ သား အသက် ၂၅ နှစ်အရွယ် ကိုသန်းကြွယ်အောင် သည် အရက်သေစာသောက်စားထားပြီးနောက် သူငယ်ချင်းထံသို့ သွားစဉ်
လမ်းခရီးရှိ စကောချောင်းကို သွယ်တန်းထားသော ဝါးတံတားပေါ်မှ ဖြတ်သန်းရာတွင် ကိုသန်းကြွယ်အောင် ကိုင်ဆောင်ထားသည့် လက်ကိုင်ဖုန်းမှာ ချောင်းထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။
ပြုတ်ကျသွားသည့် ဖုန်းအား ချောင်းအတွင်းသို့ ဆင်း၍ ကောက်ယူရာမှ ရေနစ်သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားကာ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယနေ့ နေ့လယ် ၁၂ နာရီ၊ ၂၅ မိနစ်အချိန်ခန့်တွင် ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း မြို့ခံများက ဆိုကြသည်။
