သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်ခရိုင်ရှိ စစ်ရှောင်ကျောင်းသား/သူများကို ULAနှင့် ရက္ခိုင်အသင်း(ကိုရီးယား) ပူးပေါင်း၍ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့

AB News – အောက်တိုဘာ ၁၀၊ ၂၀၂၆

ရက္ခိုင်ပြည်၊ တောင်ကုတ်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ကျောင်းသား/သူများ ပညာသင်ကြားရာတွင် လိုအပ်သည့် ကျောင်းသုံးပစ္စည်းများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နှင့် ရက္ခိုင်အသင်း(ကိုရီးယား)တို့ ပူးပေါင်း၍ အောက်တိုဘာလ ပထမပတ်အတွင်း ကျေးရွာ (၁၃) ရွာသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့မှုတွင် KG မှ Grade 2 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ် ၅ အုပ်နှင့် ခဲတံ ၅ ချောင်းစီနှင့် Grade 3 မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ် ၁ ဒါဇင်၊ ဘောပင် ၅ ချောင်းနှင့် ခဲတံ ၂ ချောင်းစီ ပေးအပ်ခဲ့ပြီး ကျောင်းသား/သူ စုစုပေါင်း ၃၀၀ ကျော်ကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။

လက်ရှိ ရက္ခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် စစ်ရှောင်ကျောင်းသား/သူများမှာ ကျောင်းသုံးပစ္စည်းများ ဝယ်ယူရန် အခက်အခဲဖြစ်နေပြီး ဤကဲ့သို့ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ခြင်းက စစ်ရှောင်ကျောင်းသားများ၏ လိုအပ်ချက်တစ်စိတ်တစ်ပိုင်းကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း Grade-10 ကျောင်းသား မောင်ဝေယံလင်း က AB News သို့ ပြောသည်။

“ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ ကျောင်းသုံးပစ္စည်းတွေလည်း ဈေးတက်လာပါတယ်။ စာအုပ်၊ စာရေးကိရိယာတွေ မဝယ်နိုင်တဲ့အတွက် ကျောင်းဆက်မတက်နိုင်ဘဲ ကျောင်းထွက်လိုက်ရတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ အခုလို ကျောင်းသုံးပစ္စည်းတွေ လာရောက်လှူဒါန်းပေးတဲ့အတွက် ကျောင်သူ၊ ကျောင်းသားတွေအနေနဲ့ အများကြီး အထောက်အကူဖြစ်ပါတယ်။ လာရောက်ကူညီလှူဒါန်းပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။

အဆိုပေါက်ထောက်ပံ့မှုတွင် ULA မှ ပါတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲဝင်များနှင့် ရမ္မာဝတီ ဇာမဏီပရဟိတအသင်းဝင်များ ပါဝင်ကူညီထောက်ပံခဲ့ကြောင်းသိရသည်။

ပုံစာ – တောင်ကုတ်ခရိုင်အတွင်းရှိ စစ်ရှောင်ကျောင်းသား/သူများကို ULAနှင့် ရက္ခိုင်အသင်း(ကိုရီးယား)တို့ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးနေစဉ်။(ဓာတ်ပုံ – Arakan Bay News)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ