သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎အာရက္ခပြည်၏ ပထမဆုံး လယ်သမားဂျာနယ် ထွက်ရှိ


‎
‎AB News – နိုဝင်ဘာ ၁၈၊ ၂၀၂၆
‎
‎ရက္ခိုင်ပြည်(အာရက္ခဒေသ)အတွင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် တောင်သူလယ်သမားများ၏ အရေးကိစ္စများကို အဓိကထား ဖော်ပြမည့် ပထမဆုံးသော “လယ်သမားဂျာနယ် (Vol – 1)” ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ထုတ်ဝေလိုက်ပြီဖြစ်ကြောင်း သိရသည်။
‎
‎၂၀၂၃ ခုနှစ်မှစတင်ကာ အစီအစဉ်တကျ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုပထမအကြိမ် ဂျာနယ်တွင် လယ်ယာကဏ္ဍနှင့် သက်ဆိုင်သည့် ဆောင်းပါး စုစုပေါင်း (၁၀) ပုဒ် ပါဝင်သည်ကို တွေ့ရှိရသည်။
‎
‎အဓိက ဖော်ပြချက်များအနေဖြင့် လက်ရှိ စားနပ်ရိက္ခာအကျပ်အတည်းနှင့် ရင်ဆိုင်နေရသော အာရက္ခဒေသအတွက် မဟာဗျူဟာကျကျ ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ စူပါအယ်လ်နီညို ရိုက်ခတ်မှုနှင့် ရာသီဥတုကပ်ဆိုးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ အိမ်ခြံဝန်းစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ စပါးဈေး ဆန်ဈေး အတက်အကျအပေါ် ဒေသခံပြည်သူများ၏ အသံများစသည့် သုတေသနအချက်အလက်နှင့် နည်းပညာဆောင်းပါးများ ပါဝင်သည်။
‎
‎ဤဂျာနယ်ကို ထုတ်ဝေရခြင်းမှာ ဒေသတွင်း စားနပ်ရိက္ခာထုတ်လုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်စေရန်၊ ရာသီဥတုဖောက်ပြန်မှုများကို အသိပေးရန်နှင့် ယိုင်လဲနေသော လယ်ယာကဏ္ဍအတွက် လိုအပ်သည့် မူဝါဒပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ထုတ်ဝေခြင်းဖြစ်ကြောင်း အယ်ဒီတာအဖွဲ့က ထုတ်ပြန်ထားသည်။
‎
‎အာရက္ခဒေသ၏ ပထမဆုံးထွက်ရှိလာသည့် အဆိုပါ လယ်သမားဂျာနယ်ကို စိတ်ပါဝင်စားသူများအနေဖြင့် အခမဲ့ဒေါင်းလုတ်ဆွဲယူ ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။
‎
‎

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ