
AB News – နိုဝင်ဘာ ၂၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းဒေသနှင့် အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ယနေ့ နံနက်ပိုင်းတွင် ဂျက်တိုက်လေယာဉ် ၇ စီးဖြင့် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။
ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၁၀ နာရီခွဲခန့်မှ စတင်ကာ စစ်ကော်မရှင်တပ်သည် ဂျက်တိုက်လေယာဉ် ၇ စီးကို အသုံးပြု၍ ရမ်းချောင်းဒေသနှင့်အနီးတဝိုက်သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
ထို့အပြင် လေကြောင်းတိုက်ခိုက်မှုနှင့် တစ်ပြိုင်နက်တည်းတွင် ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့၌ ကင်းထောက်လေယာဥ်ပျံဝဲမှုများ ပြုလုပ်နေကြောင်းသိရသည်။
လက်ရှိတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အခြေအနေ အသေးစိတ်ကို AB News မှ ဆက်လက် စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။