သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မအီမြို့တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး



AB News – အောက်တိုဘာ ၁၀၊ ၂၀၂၆

​ရက္ခိုင်ပြည်၊ တောင်ကုတ်ခရိုင်၊ မအီမြို့၊ အမှတ် (၁) ရပ်ကွက်တွင် ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

​​ယနေ့ အောက်တိုဘာ ၁၀ ရက်၊ နံနက် ၇ နာရီ၊ ၂၀ မိနစ်ခန့်အချိန်က မအီမြို့၊ အမှတ် ၁ ရပ်ကွက်နေ ဦးသိန်းထွန်း ၏ သား အသက် ၂၅ နှစ်အရွယ် ကိုသန်းကြွယ်အောင် သည် အရက်သေစာသောက်စားထားပြီးနောက် သူငယ်ချင်းထံသို့ သွားစဉ်
လမ်းခရီးရှိ စကောချောင်းကို သွယ်တန်းထားသော ဝါးတံတားပေါ်မှ ဖြတ်သန်းရာတွင် ကိုသန်းကြွယ်အောင် ကိုင်ဆောင်ထားသည့် လက်ကိုင်ဖုန်းမှာ ချောင်းထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

​ပြုတ်ကျသွားသည့် ဖုန်းအား ချောင်းအတွင်းသို့ ဆင်း၍ ကောက်ယူရာမှ ရေနစ်သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားကာ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယနေ့ နေ့လယ် ၁၂ နာရီ၊ ၂၅ မိနစ်အချိန်ခန့်တွင် ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း မြို့ခံများက ဆိုကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ