သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည်အတွင်း စစ်ဘေးရှောင် ရန်ပုံငွေရရှိရေးအတွက် မလေးရှားနိုင်ငံတွင် ဘောလုံးပြိုင်ပွဲ ကျင်းပမည်

AB News – နိုဝင်ဘာ ၂၀၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်း စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေရရှိစေရန် ရည်ရွယ်၍ မလေးရှားနိုင်ငံတွင် ဘောလုံးအားကစားပြိုင်ပွဲတစ်ရပ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို RAKAH MANDINE FC၊ စိန်ပွင့်ရခိုင်စားသောက်ဆိုင် နှင့် ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း တို့က အတူတကွ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး လာမည့် ၂၀၂၇ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။  

”ဒီ​ဘောလုံးပွဲကျင်းပ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတေ့ာ စစ်ဘေးရှောင်မိဘပြည်သူတွေကို ထောက်ပံ့ကူညီပေးချင်တဲ့အတွက်ကြောင်းပါ ” ဟု ရက္ခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ကိုမျိုးချစ်က AB News သို့ပြောဆိုသည်။

ပြိုင်ပွဲသို့ မလေးရှားနိုင်ငံရောက် ဘောလုံးဝါသနာရှင်များအနေဖြင့် မိမိတို့၏ အသင်းအဖွဲ့များနှင့်အတူ စည်ကားသိုက်မြိုက်စွာ ပါဝင်ယှဉ်ပြိုင်ကစားကြရန် ဖိတ်ခေါ်ထားသည်။  

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းအရေအတွက်ကို ၂၄ သင်း အထိ လက်ခံသွားမည်ဖြစ်ပြီး အသင်းဝင်ကြေးအဖြစ် တစ်သင်းလျှင် မလေးရှားရင်းဂစ် 1,800 RM သတ်မှတ်ထားသည်။

ထို့အပြင် ပြိုင်ပွဲအတွင်း အနီကတ် ဒဏ်ကြေး 30 RM နှင့် အဝါကတ် ဒဏ်ကြေး 20 RM အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။  

ပြိုင်ပွဲဆုကြေးငွေများအဖြစ် –
ပထမဆု – 7,500 RM
ဒုတိယဆု – 5,000 RM 
တတိယဆု – 3,000 RM 

ချီးမြှင့်သွားမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအရေအတွက်အပေါ် မူတည်၍ ဆုကြေးငွေများကို ထပ်မံတိုးမြှင့် ချီးမြှင့်ပေးသွားမည် ဖြစ်သည်။

ယင်းအပြင် တစ်ဦးချင်း ထူးချွန်ဆုများအဖြစ် ရှေ့တန်းအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ ကွင်းလယ်အကောင်းဆုံးဆု၊ ဂိုးဖမ်းအကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုနှင့် ကွင်းလယ်အသန့်ရှင်းဆုံးဆုများကိုလည်း ချီးမြှင့်ပေးသွားမည် ဖြစ်သည်။  

ပြိုင်ပွဲသို့ စာရင်းပေးသွင်းလိုသူများနှင့် အသေးစိတ် ဆက်သွယ်စုံစမ်းလိုသူများအနေဖြင့် ဖုန်းနံပါတ် 01127172650 နှင့် 01161674581 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ