AB News- ဇူလိုင် ၁၂၊ ၂၀၂၆
မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အတွင်းရှိ ရေဘေးသင့်နေသော စစ်ဘေးရှောင်စခန်းများ၊ ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆက်တိုက်လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ယင်းလုပ်ငန်းများတွင် အထွေထွေရောဂါကုသပေးခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများ ဖြန့်ဝေပေးခြင်း၊ ကူးစက်ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရေဘေးနှင့် စစ်ဘေးဒဏ်သင့် ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ အဆက်မပြတ်ရရှိစေရန် ဆေးဘက်ဆိုင်ရာအဖွဲ့များက ကွင်းဆင်း၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်လုပ်ဆောင်ပေးနေကြောင်းလည်း သိရှိရသည်။




