သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေဘေးသင့် ရက္ခိုင်ပြည်သူများအား ဝေဟင်အောင် ပရဟိတအဖွဲ့မှ စားနပ်ရိက္ခာနှင့် ရေနံဆီများ လှူဒါန်း

AB News – ဇူလိုင် ၁၂၊ ၂၀၂၆

ရေကြီးရေလျှံမှုဒဏ် ခံစားနေရသည့် ရက္ခိုင်ဒေသရှိ အိမ်ထောင်စု ၅၃ စုအတွက် ဝေဟင်အောင် ပရဟိတအဖွဲ့မှ အရေးပေါ် စားနပ်ရိက္ခာနှင့် ရေနံဆီများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုကို ပြည်တွင်းနှင့် ပြည်ပရှိ စေတနာရှင်များ၏ အလှူငွေများဖြင့် ဝယ်ယူစီစဉ်ခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု ၅၃ စုအတွက် ဖုန်း ဘက်ထရီအားသွင်းရန် ရေနံဆီ ၂၀ လီတာ၊ ငါးခြောက် ၅၃ ပိဿာ၊ စားဆီ ၅၃ လီတာ၊ ပဲသီးနှင့် မျှစ်(ဝါးတုတ်) များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် ဆန်ကို ULA က သီးခြားလှူဒါန်းပေးထားပြီး ရရှိသည့် အထောက်အပံ့များကို ရေဘေးသင့်ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယင်းလှူဒါန်းမှုသည် ရေဘေးကြောင့် အခက်အခဲကြုံတွေ့နေရသော ပြည်သူများ၏ အရေးပေါ် စားဝတ်နေရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေဟင်အောင် ပရဟိတအဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပရှိ စေတနာရှင်များ၏ ပူးပေါင်းကူညီမှုဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – Wai Hun Aung

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ