သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေဘေးသင့် ရက္ခိုင်ပြည်သူများအတွက် ဆန်အိတ် ၁,၃၈၉ အိတ် ဝယ်ယူဖြန့်ဝေနိုင်ရန် ကျပ်သိန်း ၁,၀၀၀ ကို စောမဲကျီဖောင်ဒေးရှင်းမှ HDCO သို့ လှူဒါန်း

AB News – ဇူလိုင် ၁၂၊ ၂၀၂၆

ရက္ခိုင်ပြည်ရှိ မြို့နယ်အချို့တွင် ဖြစ်ပွားနေသော ရေကြီးရေလျှံမှုများကြောင့် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေသည့် ပြည်သူများအား ကူညီနိုင်ရန် စောမဲကျီဖောင်ဒေးရှင်းမှ ၅၀ ကီလိုဂရမ် ဆန်အိတ် ၁,၃၈၉ အိတ် ဝယ်ယူဖြန့်ဝေနိုင်ရေးအတွက် ကျပ်သိန်း ၁,၀၀၀ ကို လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) သို့ ဇူလိုင် ၁၀ ရက်တွင် လှူဒါန်းခဲ့ကြောင်း စောမဲကျီဖောင်ဒေးရှင်းက  ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

ပြည်တွင်း၊ ပြည်ပရောက် အလှူရှင်များမှ စောမဲကျီဖောင်ဒေးရှင်းသို့ လှူဒါန်းထားသော အလှူငွေဖြင့် ရေဘေးဒဏ်သင့် ဒေသများရှိ အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေသည့် ပြည်သူများအတွက် ဆန်အိတ် ၁,၃၈၉ အိတ် ဝယ်ယူဖြန့်ဝေရန် HDCO သို့ လွှဲပြောင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း စောမဲကျီဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ်များအပြင် အခြားလိုအပ်သည့် အရေးပေါ်အသုံးအဆောင်ပစ္စည်းများကိုလည်း အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် ဆက်လက်ထောက်ပံ့ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

စောမဲကျီဖောင်ဒေးရှင်းက “ရေဘေးသင့်ပြည်သူများကိုယ်စား ပြည်တွင်း၊ ပြည်ပမှ ပါဝင်လှူဒါန်းပေးကြသည့် အလှူရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်” ဟု ထုတ်ပြန်ထားသည်။

မကြာသေးမီ ရက်ပိုင်းအတွင်း ရက္ခိုင်ပြည်ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံအများအပြားမှာ အရေးပေါ် စားနပ်ရိက္ခာနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ လိုအပ်နေသဖြင့် လူမှုကူညီရေးအဖွဲ့အစည်းများက ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ