သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒုတိယအကြိမ် “အာရက္ခလောင်ပေါ်ဖွင့်ပွဲ” အခမ်းအနားကို သြဂုတ် ၁ ရက်တွင် Live လွှင့် ကျင်းပမည်

AB News – ဇူလိုင် ၃၁၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်ခွန်ဌာနနှင့် အခွန်ဌာန၊ လောင်ပေါ်ဌာနခွဲမှ ဒုတိယအကြိမ်ဖြစ် “အာရက္ခလောင်ပေါ်ဖွင့်ပွဲ” အခမ်းအနားကို သြဂုတ်လ ၁ ရက်​နေ့တွင် တိုက်ရိုက်ထုတ်လွှင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အာရက္ခလောင်ပေါ်တွင် အမြင့်ဆုံးမှာ ပထမဆု ကျပ်သိန်း ၇၅၀ (၁) ဆု၊ ဒုတိယဆု ကျပ် သိန်း ၅၀၀ (၁) ဆု၊ တတိယဆု ကျပ် သိန်း ၄၀၀ (၁) ဆု၊ စတုတ္ထဆု ကျပ်သိန်း ၃၀၀ (၁) ဆု၊ ပဉ္စမဆု ကျပ်သိန်း ၂၀၀ (၁) ဆု၊ ဆဋ္ဌမဆု ကျပ်သိန်း ၁၀၀ (၂) ဆု၊ သတ္တမဆု ကျပ်သိန်း ၅၀ (၉) ဆု၊ အဋ္ဌမဆု ကျပ် ၁၀ သိန်း (၁၀) ဆု၊ နဝမဆု ကျပ် ၅ သိန်း ဆု (၂၀)၊ ဆုစုစုပေါင်း (၄၆) ဆုကို ချီးမြှင့်လားမည် ဖြစ်သည်။

အဆိုပါ လောင်ပေါ်(ထီ) ဆု ကံထူးရှင်များကို မနက်​ဖြန်တွင် မြင်တွေ့ရမည်ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မည့်အစီစဉ်ကို အောက်ပါသတင်းမီဒီယာ Page များမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/share/1EFvhbyaej
https://www.facebook.com/share/17hy3zWVLX

Ref: Arakan Princess Media(APM)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ