သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဉ္ဇနပူရတွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံး

AB News – ဇူလိုင် ၃၁၊ ၂၀၂၆

ရက္ခိုင်​​ပြည်၊ အဉ္ဇနပူရမြို့အဝင်ရှိ ဓာတ်ဆီဆိုင်တန်းအနီးတွင် ဇူလိုင်လ ၃၀ ရက်နေ့ ​နေ့လည်ပိုင်းက ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အဉ္ဇနပူရမြို့နယ်၊ ကင်းဆိပ်ကျေးရွာ၊ စစ်မှုထမ်းဟောင်းရပ်ကွက်တွင် နေထိုင်သည့် ဦးမောင်မောင်ဝင်း၏ သမီးဖြစ်သူ အသက် ၅ နှစ်အရွယ် မချမ်းမြေ့သော်ဒါမောင် ဖြစ်သည်။

ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့်တွင် သေကံကျေးရွာနေ ကိုဝေထူးနိုင် ဆိုသူသည် ကန်ဒါကား (Canda) ဖြင့် ကျောက်ခုတ်ရွာသို့ ရေသန့်ပို့ဆောင်ရန် မောင်းနှင်လာစဉ် အဉ္ဇနပူရမြို့အဝင် ဓာတ်ဆီဆိုင်တန်းအနီး လမ်းဖြတ်ကူးနေသည့် မချမ်းမြေ့သော်ဒါမောင်ကို အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် မချမ်းမြေ့သော်ဒါမောင်မှာ နဖူးပေါက်ပြဲ ဒဏ်ရာ ရရှိကာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ရသည်။

လက်ရှိတွင် ယာဉ်မောင်းဖြစ်သူ ကိုဝေထူးနိုင်အား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ထိန်းသိမ်းချုပ်နှောင်ထားရှိပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၀၄ က ဖြင့် အမှုဖွင့်လှစ်ကာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဉ္ဇနပူရမြို့နယ်အတွင်း လွန်ခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ယာဉ်မတော်တဆမှု ၂ ခု ဆက်တိုက် ဖြစ်ပွားခဲ့ဖူးပြီး အဆိုပါ ဖြစ်စဉ်များကြောင့် သက်ကြီးပိုင်း အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ