သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဉ္ဇနပူရမြို့နယ်တွင် အသက် ၁၇ နှစ်အရွယ် စိတ်ဝေဒနာသည် မိန်းကလေး အဓမ္မပြုကျင့်ခံရ၊ ကျူးလွန်သူအား DLEPS ဖမ်းဆီးထား

AB News – အောက်တိုဘာ ၁၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ အဉ္ဇနပူရမြို့နယ်၊ ပြိုင်းတောကျေးရွာတွင် အသက် ၁၇ နှစ်အရွယ် စိတ်ဝေဒနာသည် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရပြီး ကျူးလွန်သူအား အာရက္ခပြည်သူ့အစိုးရ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးထားပြီဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်သူမှာ ကျောက်မော်ကြီးကျေးရွာမှ ပြိုင်းတောကျေးရွာသို့ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က လာရောက်ပြောင်းရွှေ့နေထိုင်သူ အသက် ၅၄ နှစ်အရွယ် ဦးဦးစိန်ထွန်း ဖြစ်သည်။

ဦးဦးစိန်ထွန်းသည် ညဉ့်အချိန်တွင် မိဘများမရှိသည်ကို အခွင့်ကောင်းယူ၍ အဆိုပါ အသက် ၁၇ နှစ်အရွယ် စိတ်ဝေဒနာသည် မိန်းကလေးငယ်၏ နေအိမ်အတွင်း ဝင်ရောက်ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အော်ဟစ်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့်အပြင် မုန့်ဖိုးငွေကျပ် ၁ သိန်းပေး၍ နုတ်ပိတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ မိန်းကလေးငယ်၌ ကိုယ်ဝန် ၆ လ ရောက်ရှိနေပြီဖြစ်ပြီး ဖခင်ဖြစ်သူက မေးမြန်းချိန်မှ သမီးဖြစ်သူက ဦးဦးစိန်ထွန်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နစ်နာသူ မိသားစုဘက်က သက်ဆိုင်ရာ DLEPS ဌာနသို့ သွားရောက် တိုင်ကြားခဲ့သဖြင့် ကျူးလွန်သူ ဦးဦးစိန်ထွန်းအား ဖမ်းဆီးထိန်းသိမ်းကာ တရားဥပဒေအတိုင်း အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နစ်နာသူ မိန်းကလေးငယ်၏ လိုအပ်သည့် ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရန်အတွက် မြောက်ဦးမြို့နယ် အမျိုးသမီးအင်အားစုက ခေါ်ဆောင်ကူညီပေးထားကြောင်း သိရသည်။

အာရက္ခတပ်တော် ထိန်းချုပ်ဒေသအတွင်း မုဒိမ်းမှုနှင့်ပတ်သက်၍ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်မှုများ ရှိနေပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေမိန့်ချမှတ်ခဲ့ကာ ကြံရာပါနှစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသတွင်း လူသတ်မှု၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများ တစ်ယောက်မျှ ပြစ်ဒဏ်ကနေ မလွတ်စေရဟု ULA/AA ၏ ဒီလပ်က ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ