သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့ အ.ထ.က (၄) စာသင်ဆောင်ပေါ် လက်နက်ကြီးကျရောက်​ပေါက်ကွဲ၍ ဆရာ ၁ ဦးနှင့် ကျောင်းသား ၃ ဦး ဒဏ်ရာရ

AB News – စက်တင်ဘာ ၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ စစ်တွေမြို့ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၄) စာသင်ဆောင်ပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သဖြင့် စာသင်ကြားနေသည့် ဆရာ ၁ ဦးနှင့် ကျောင်းသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၈ ရက်၊ နံနက် ၁၁ နာရီခန့်တွင် စစ်တွေ အ.ထ.က (၄) ၌ ကျောင်းသူ၊ ကျောင်းသားများ စာသင်ကြားနေစဉ်အတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စာသင်ဆောင် တိုက်ရိုက် ထိမှန်ခဲ့ပြီး ပြတင်းပေါက် မှန်များ ကွဲအက်ပျက်စီးခဲ့သည့်အပြင် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဘေးလွတ်ရာသို့ အရေးပေါ် ကျောင်းလွှတ်ပေးခဲ့ရသည်။

လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် အ.ထ.က (၄) မှ ဆရာဖြစ်သူ ဦးကျော်ဝင်းနှင့် ကျောင်းသား ၃ ဦး၊ စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

လက်ရှိတွင် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်နေရာများတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တပ်တို့အကြား စက်တင်ဘာလ ပထမအပတ်မှစ၍ ယနေ့အချိန်အထိ ထိတွေ့တိုက်ပွဲများနှင့် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုများ အရှိန်အဟုန်မပျက် ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ