သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘာလုခါလီ ဒုက္ခသည်စခန်းအတွင်း စစ်သွေးကြွ RSO အဖွဲ့ဝင် ၁ ဦး ထပ်မံ ဖမ်းဆီးခံရ

AB News – စက်တင်ဘာ ၉၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ ဘာလုခါလီ ဒုက္ခသည်စခန်းအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှုများနှင့် ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်နေသည့် RSO အဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာ ၈ ရက်တွင် စခန်းအတွင်း မှီတင်းနေထိုင်သူများက ဝိုင်းဝန်းဖမ်းဆီး၍ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူမှာ ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် (၄)၊ ဘလောက် D-2 တွင် နေထိုင်သည့် Abu Toyub ဖြစ်ပြီး ၎င်းသည် စခန်းအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှုများတွင် ပါဝင်ပတ်သက်နေသူ ဖြစ်သည်။

၎င်းသည် စက်တင်ဘာ ၇ ရက်က စခန်းအတွင်းရှိ အရပ်သားတစ်ဦးကို ထပ်မံ ပြန်ပေးဆွဲခဲ့သဖြင့် စခန်းနေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးကာ ဥပဒေအတိုင်း အရေးယူပေးရန် အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

Abu Toyub သည် ဘာလုခါလီ ဒုက္ခသည်စခန်းအတွင်း RSO အဖွဲ့က ကျူးလွန်ခဲ့သည့် လူသတ်မှု ၇ မှုအပါအဝင် ပြန်ပေးဆွဲမှု အများပြားတွင် ပါဝင်ပတ်သက်ထားသူ ဖြစ်သည်။

ထို့ပြင် RSO အဖွဲ့အတွက် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းနိုင်ရန် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ARSA၊ RSO၊ ARA နှင့် RIM အစရှိသည့် လက်နက်ကိုင် စစ်သွေးကြွအဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည်စခန်းများကို အခြေပြု၍ နယ်စပ်ဒေသ အရပ်သားများနှင့် စခန်းအတွင်းရှိ ဒုက္ခသည်များကို ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းနှင့် ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကလည်း အဆိုပါ လက်နက်ကိုင် စစ်သွေးကြွအဖွဲ့များကို နှိမ်နင်းလျက်ရှိရာ စက်တင်ဘာ ၇ ရက်ကလည်း အုခီးယား ဒုက္ခသည်စခန်းအတွင်း ARSA အဖွဲ့မှ တပ်မှူး ၁ ဦးအပါအဝင် အဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။

Ref; In Territorial News-itn

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ