သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်၊ ကျိန္တလီမြို့ပေါ်ကို စစ်တပ်က ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်၊ နေအိမ်နှင့် ဆိုင်ခန်းများ ပျက်စီး

AB News – အောက်တိုဘာ ၂၀၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က အောက်တိုဘာ ၁၉ ရက်၊ ညဉ့်နက်ပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်များနှင့် ဆိုင်ခန်းများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ယမန်နေ့ အောက်တိုဘာ ၁၉ ရက်၊ ည ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ကာ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်သို့ ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းလေကြောင်း တိုက်ခိုက်မှုကြောင့် အမှတ် (၁) ရပ်ကွက်ရှိ လူနေအိမ် ၄ လုံးထက်မနည်းနှင့် အရပ်သား ပြည်သူပိုင် ဆိုင်ခန်း ၂ ခန်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

စစ်ကော်မရှင်တပ်သည် ယမန်နေ့ အောက်တိုဘာ ၁၉ ရက် တစ်နေ့တည်း၌ပင် ကျိန္တလီမြို့အပြင် ပလက်ဝ-ကန်ပက်လက်ကြားရှိ ရေလမ်းကြောင်းနှင့် ကုန်စည်ကူးသန်းရာ ဗဟိုချက်ဖြစ်သည့် ချောင်းဆုံဒေသကိုလည်း လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်းရှိ မြို့ရွာများနှင့် အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ