သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့ကို စကမ လေကြောင်းဗုံးကြဲတိုက်ခိုက်

AB News – နိုဝင်ဘာ ၁၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းဟောင်း ခြံဝင်းအတွင်းသို့ အကြမ်းဖက် စစ်ကော်မရှင်တပ်က ယမန်နေ့ ညဉ့်အချိန်တွင် ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၆ ရက်) ည ၁၁ နာရီခွဲမှ ၁၁ နာရီ ၅၀ မိနစ်အချိန်အထိ မိနစ် ၂၀ ခန့်အချိန်ကြာ စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ပိုက်သည်ရပ်ကွက်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းဟောင်း ခြံဝင်းအတွင်းသို့ ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဝင်းအတွင်းရှိ နားနေဆောင်များ၊ စာသင်ဆောင်များနှင့် အခြားအဆောက်အအုံ အများအပြား ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားခဲ့သည်။

အကြမ်းဖက် စစ်ကော်မရှင်တပ်သည် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများ သွားလာနေသည့် လမ်းတံတားများနှင့် စာသင်ကျောင်း အဆောက်အအုံများကို ပစ်မှတ်ထား၍ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ယခု နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၃၀ ဦးခန့် သေဆုံးခဲ့ရပြီး ၇၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ