သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ၊ တရားခံအား DLEPS ဖမ်းဆီး

AB News – ဧပြီ ၂၄၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဧပြီလ ၂၂ ရက်နေ့တွင် အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့၊ ညနေပိုင်းအချိန်တွင် မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာမှ အဖ ဦးသံလုံး၏သား အသက် ၆၀ နှစ်အရွယ် ဦးသင်္ခါကျော် သည် ရွာလမ်းထက်တွင် သွားလာနေသည့် တစ်ရွာတည်းနေ အသက် ၄ နှစ်အရွယ် မိန်ကလေးငယ်အား ၎င်း၏အိမ်သို့ လိမ်လည်ခေါ်ယူကာ အိမ်အောက်တွင် မိန်းကလေးငယ်ဝတ်လာသော အဝတ်စများအား ဆုပ်ဖြဲကာ အတင်းအဓမ္မကျူးလွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူတရားခံ ဦးသင်္ခါကျော်အား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဌာန(DLEPS) သို့ တိုင်ကြား အမှုဖွင့်ထားသည့်အတွက် DLEPS ဌာနက စစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်ရှိ တေဇာရာမ (ဘက) ကျောင်းမှ အသက် ၅၆ နှစ်အရွယ် ကျောင်းဆရာ ဦးမောင်ငယ် (ခ) မောင်တင်နု ဆိုသူသည် အသက် ၈ နှစ်အရွယ် KG တန်းကျောင်းသူတစ်ဦးအား မုဒိန်းမှုကျူးလွန်ရန် ကြံစည်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။ ၎င်းအား ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရက္ခိုင်ပြည်အတွင်း သက်ငယ်မုဒိန်းမှုများနှင့် ပတ်သက်၍ အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “မည်သူမဆို အသက် ၁၂ နှစ်အောက် အမျိုးသမီးကို မုဒိန်းမှုကျူးလွန်ပါက ရာဇသတ်ကြီး ပုဒ်မ ၃၇၆(၃) အရ ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ ချမှတ်ရမည်” ဟု အတိအလင်း ဖော်ပြထားသည်။

လက်ရှိတွင် တရားခံအား ရက္ခိုင်ပြည်သူ့အစိုးရ၏ တရားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် တရားရေးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပုံစာ – ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာရှိ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မကျူးလွန်သူ အသက် ၆၀ နှစ်အရွယ် ဦးသင်္ခါကျော်။(ဓာတ်ပုံ – ONN)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ