သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်တန်းနယ် ဌာနေတိုင်းရင်းသားများ၏ နယ်မြေများ ဒေသခံ မူဆလင်များထံ အတင်းအားဓမ္မ လုယက်ခံနေရ

( Bandarban ခရိုင်မှ Pree club ကျောင်းသားများ ဆန္ဒထုတ်ဖော်)

AB News – ဧပြီ ၂၄၊၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တောင်တန်းနယ် Bandarban ခရိုင်အတွင်း ဌာနေတိုင်းရင်းသားများ၏ နယ်မြေများနှင့် သင်္ချိုင်းများမှာ ဒေသခံမူဆလင်များထံ အတင်းအားဓမ္မ လုယက်ခံနေကြရကြောင်း  ဘင်္ဂလားဒေ့ရှ်မီဒီယာ ဖြစ်သည့် Hill Voice သတင်းဌာနတွင် ဖော်ပြထားသည်။

Bandarban ခရိုင် (လမား ) Lama မြို့နယ်ရှိ Mirinja ဌာနေတိုင်းရင်းသားများ၏ သင်္ချိုင်းနှင့် နယ်မြေများကို  ဒေသခံမူဆလင်များမှ အတင်းအားဓမ္မ လုယက်မှုများ ပြုလုပ်နေကြောင်း Bandarban ခရိုင်မှ Pree club ကျောင်းသားများအနေဖြင့် ဆန္ဒပြ ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

အဆိုပါဒေသအတွင်း ဒေသခံဌာနေတိုင်းရင်းသားများ  မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့သော  ဘိုးဘွားပိုင်မြေများကို ဒေသခံမူဆလင်များက ကျူးကျော်ရန် ကြိုးပမ်းမှုများ ရှိနေကြောင်းနှင့် စာရွက်စာတမ်းအတုပြုလုပ်က မသမာမှုဖြင့် လုယက် သိမ်းပိုက်မှုများရှိပြုလုပ်နေသည် ဟု pree club ကျောင်းသားအဖွဲ့မှ ပြောကြားသည်။

ထို့အပြင် ယင်းဒေသအတွင်း သစ်တောပြုန်းတီးမှု၊ တောင်များကို ခုတ်လှဲခြင်းနှင့် ရေအရင်းအမြစ်များကို ဖျက်ဆီးခြင်းကဲ့သို့သော ဖြစ်ရပ်များကိုလည်း လုပ်ဆောင်နေ၍ ဒေသခံများ အသက်မွေးဝမ်းကျောင်းအား ဆိုးကျိုးသက်ရောက်စေကြောင်းလည်း ဆိုထားသည်။

ယင်းဒေသရှိ ဌာနေတိုင်းရင်းသားများမှာ ဖိအားပေးမှုများ၊ နှောင့်ယှက်ပေးမှုများနှင့် မဟုတ်မမှန် စွပ်စွဲချက်များကို ပုံစံအမျိုးမျိုးဖြင့် ခံနေကြရသည်ဟု pree club ကျောင်းသားအဖွဲ့မှ ပြောကြားခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုများနှင့်  အမြန်ဆုံး တရားမျှတမှု ရရှိအောင်  ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ (Chittagong Hill Tracts) အတွင်းလည်း ဗုဒ္ဓနှင့် ဟိန္ဒူဘာသာ ကိုးကွယ်သည့် ဌာနေတိုင်းရင်းသားများအား အစ္စလာမ်ဘာသာသို့ အတင်းအဓမ္မ သွတ်သွင်းခိုင်းစေမှုများ ပြင်းထန်လာနေကြောင်း သိရသည်။

Bandarban ခရိုင်ရှိ Lama၊ Alikadam နှင့် Thanchi မြို့နယ်များတွင် အထူးပြင်းထန်နေပြီး အဆိုပါ သွတ်သွင်းမှုများအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် စစ်တပ်တို့မှ ကျောထောက်နောက်ခံပြုနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်း စော်ကော်ရီယာမြို့နယ် စုက္ကာရာကျေးရွာ(ရက္ခိုင်ရွာ) သင်္ချိုင်းနယ်မြေများကို ဒေသခံမူဆလင်များမှ အတင်းအားဓမ္မ လုယက်မှုများ ပြုလုပ်နေကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ