သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့ကို စစ်ကော်မရှင် ထပ်မံ ဗုံးကြဲပြန်

AB News – ဧပြီ ၂၄၊၂၀၂၆

ရက္ခိုင်ပြည်၊သံတွဲမြို့ရှိ လူနေရပ်ကွက်များကို စစ်ကော်မရှင်လေတပ်မှ ဂျက်ဖိုက်တာအပါအဝင် Y-12 ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဧပြီလ ၂၄ ရက်နေ့၊ နေ့လယ် ၁ နာရီ၊ ၆ မိနစ်အချိန်မှစ၍ သံတွဲမြို့ရှိ ရပ်ကွက်များအား စစ်ကော်မရှင်လေတပ်မှ လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု မြို့ခံများက ဆိုကြသည်။

“သံတွဲမြို့ကို ဒီနေ့ ထပ်မံ ဗုံးကြဲနေပါတယ်။ တစ်နာရီ ၆ မိနစ်က စပြီး ကြဲတာပါ။ မြို့တွင်း ဘယ်နေရာကို ကြဲနေတာလို့တော့ အတိအကျတော့ မသိရသေးဘူး” ဟု ပြောသည်။

ဗုံးကြတိုက်ခိုက်မှု ဖြစ်စဥ်နှင့် ပတ်သက်ပြီး Arakan Bay News သတင်းဌာနမှ အသေးစိတ်အချက်အလက်များကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ယမန်နေ့ ဧပြီလ ၂၃ ရက်၊ ညနေ ၃ နာရီခန့်အချိန်တွင်လည်း သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဇီးဖြူကုန်းရပ်ကွက်အတွင်းကို စစ်ကော်မရှင်လေတပ်က ဂျက်ဖိုက်ဖြင့် ဗုံးကြဲချခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၂ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲအချိန်တွင်လည်း စစ်ကော်မရှင်လေတပ်မှ ကျောက်တော်မြို့နယ်၊ ပီချောင်းအတွင်းရှိ အာကာတောင်အနီးဝန်းကျင်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ