သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ပြည်ပထုတ်အရက်များကို DLEPS ဖမ်းဆီး

AB News – မတ် ၂၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ပြည်ပထုတ်အရက်များကို အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဌာန(DLEPS) က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ပထုတ်အရက်များကို ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာမှ အဖ အာဘူဂျာ၏သမီး မမေသန်းနုနှင့် ဒေါ်အချေ(ခ)အဘု တို့၏ ကုန်စုံဆိုင်၌ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မမေသန်းနု ကုန်စုံဆိုင်မှ Grand ရွှေ ပုလင်း ၁၅ လုံး၊ Grand ပြာ ၁၀ လုံးနှင့် ABC ၁၀၈ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေါ်အချေ ဆိုင်မှ Grand ရွှေ ပုလင်း ၂၃ လုံးနှင့် ၃၅ ပိုင်း၊ Grand Smooth ပုလင်း ၁၈ လုံးနှင့် ၁၀ ပိုင်း၊ Myanmar ၆ ဘူး နှင့် AB C ၁၀ ဘူး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြည်ပထုတ် အရက်နှင့် ဘီယာများရောင်းချမှုဖြင့် ဒေါ်အချေနှင့် မေသန်းနုတို့အား တရားဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြည်ပထုတ်အရက်၊ ဘီယာများကို DLEPS ဌာန၊ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အာရက္ခဒေသအတွင်း ပြည်ပထုတ်အရက်နှင့် ဘီယာများ တင်သွင်းရောင်းချခွင့်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား၍ ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ထို့နောက် အာရက္ခဒေသအတွင်းရှိ ပြည်ပထုတ် အရက်နှင့် ဘီယာများကို စနစ်တကျ စစ်ဆေး၍ ဖမ်းဆီးနေသည်ကို တွေ့ရှိရသည်။

ArakanBayNews #AB_News #DLEPS #Arrested #SellingAlcohol_Beer #Shops #MaungDaw_Township #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ