သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့ပေါ်ကို စကမ ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်

AB News – အောက်တိုဘာ ၁၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့ပေါ်သို့ စစ်ကော်မရှင်တပ်က ယနေ့ နံနက်ပိုင်းတွင် Y-12 လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ယနေ့ အောက်တိုဘာ ၁၈ ရက်၊ နံနက် ၂ နာရီခန့်အချိန် အရပ်သားပြည်သူများ အိပ်မောကျနေသည့် အချိန်တွင် Y-12 လေယာဉ်ဖြင့် မြို့ပေါ်သို့ ဗုံး ၁၀ လုံးထက်မနည်း လာရောက် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းလေကြောင်း တိုက်ခိုက်မှုအတွင်း မြို့ပေါ်ရှိ နေရာအများအပြားသို့ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ဖြစ်စဉ်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို AB News မှ ဆက်လက် စုံစမ်းလျက်ရှိသည်။

ရသေ့တောင်မြို့ပေါ်ကို ​ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား ၂ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ