သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေ



AB News – ဇူလိုင်လ ၉၊ ၂၀၂၆

မင်းပြားမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ဒေသခံများက ဆိုကြသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က ရေနစ်မြုပ်နေသော ကျေးရွာများသို့ ကွင်းဆင်းကာ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးပြီး စားနပ်ရိက္ခာများ ကူညီထောက်ပံပေးခဲ့ကြောင်း သိရသည်။

လက်ရှိ မင်းပြားမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာပေါင်း ၂၂ ရွာထက်မနည်း ရေနစ်မြုပ်နေကြောင်း ကနဦး သိရှိရသည်။

အဆိုပါကျေးရွာများမှာ မင်းဖူး၊ ကုလားမတောင်၊ အသေကာလ၊ ဝါးတောင်၊ မြင်းကဆိပ်၊ ချင်းဆိပ်၊ တောတန်း၊ ဒုံးသား၊ ဒုံးကြီး၊ တံခွန်တိုင်၊ မြင်းတင်မ၊ လက်ခုတ်၊ ပုလဲတောင်၊ ကပ္ပဲ့၊ ခေါင်းလောင်းရွာဟောင်း၊ အမ်းသား၊ ဟာရပိုင် (မူဆလင်)၊ လက်တော်ရီ (မူဆလင်)၊ စမ္ဘလေ (မူဆလင်)နှင့် တန်းဆိပ်(မူဆလင်)အပြင် အခြားကျေးရွာအချို့မှာလည်း ရေနစ်မြုပ်နေကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ