သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက်မှုများအတွင်း ဒုက္ခသည်စခန်းမှ မူဆလင်များ ပူးပေါင်းပါဝင်ကြရန် ARSA အဖွဲ့ ဝါဒဖြန့်တိုက်တွန်း

AB News – မတ် ၂၇၊၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် မူဆလင် စခန်းမှ မူဆလင်များအနေဖြင့် အကြမ်းဖက်မှုလုပ်ငန်းများ၌ ပူးပေါင်းပါဝင်ကြရန် ARSA အဖွဲ့နှင့် ဆက်စပ်သည့် မူဆလင်တစ်ဦးဖြစ်သော (ဆာလင်)မှ ဝါဒဖြန့် တိုက်တွန်းပြောဆိုနေကြောင်း ဘင်္ဂလားဒေ့ရှ်ဒေသတွင်း မီဒီယာများက ဖော်ပြထားသည်ကို တွေ့ရသည်။

အကြမ်းဖက် ARSA အဖွဲ့နှင့် ဆက်စပ်သည့် မူဆလင် (ဆာလင်)သည် ကော့စ်ဘဇားခရိုင်၊ အုခီးယားဒုက္ခသည်စခန်းအတွင်းမှ မူဆလင်များအား အကြမ်းဖက်လုပ်ငန်းများ၌ ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် ဝါဒဖြန့်ပြောဆိုလျက်ရှိကြောင်း သိရသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ ဒုက္ခသည်စခန်းက မူဆလင်တွေအနေနဲ့ အကြမ်းဖက်မှုလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ကြဖို့ ပြောချင်ပါတယ်” ဟု ဆာလင် က ဝါဒဖြန့်ပြောဆိုထားသည်ကို တွေ့ရသည်။

ယခုရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းအတွင်း အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာနေပြီး လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းများမှာလည်း ယခင်ကထက် ပြင်းပြင်းထန်ထန် လှုပ်ရှားလာနေသည်ကို တွေ့ရသည်။

တစ်ဖက်တွင်လည်း အကြမ်းဖက် ARSA အဖွဲ့၏ ခေါင်းဆောင်များမှ ဒုက္ခသည်စခန်းအတွင်းရှိ မူဆလင်များအား ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးကြရန်နှင့် မူဆလင်လူမျိုးများ လွတ်မြောက်ချင်လျှင် တိုက်ပွဲဝင်သင့်ကြောင်း ပြောဆိုထားသည့် ရုပ်သံဖိုင်အား ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် အကြမ်းဖက် ARSA အဖွဲ့မှ ခေါင်းဆောင်တစ်ဦးက “မူဆလင်လူမျိုး တစ်ဦးဟာ မူဆလင်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတယ်။ ရက္ခိုင်မှာ မူဆလင်တွေ အပေါ် အကြမ်းဖက်မှု ရပ်တန့်စေချင်ရင် ကျွန်တော်တို့အဖွဲ့ကို ထောက်ခံရမယ်။ မူဆလင်လူမျိုးတွေ လွတ်မြောက်ဖို့အတွက် လက်ရှိမှာ လွတ်လပ်ရေး တိုက်ပွဲဝင်သင့်တယ်” ဟု ပြောဆိုခဲ့သည်။

ယင်းအပြင် မတ်လ ၂၅ ရက်နေ့တွင်လည်း ကော့စ်ဘဇားခရိုင်၊ Ukhiya မြို့နယ်ရှိ Kutupalong ဒုက္ခသည်စခန်းအတွင်း ARSA အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်ခြင်း ခံထားရသော ဒုက္ခသည် မူဆလင် အမျိုးသမီးငယ်တစ်ဦး၏ ရုပ်အလောင်းအား အမှိုက်ပုံးဘေး၌ တွေ့ရှိခဲ့ကြောင်း သိရသည်။

ArakanBayNews #AB_News #ဒုက္ခသည်စခန်းမှမူဆလင်များ #အကြမ်းဖက်မှုများအတွင်း #ARSA #ပူးပေါင်းပါဝင်ကြရန်တိုက်တွန်း #Bangladesh

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ