သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် အီဒုလ်ဖွိသိရ်နေ့ အထိမ်းအမှတ်အဖြစ် မူဆလင်ပြည်သူများကို ULA/AA က စားနပ်ရိက္ခာ ထောက်ပံ့

AB News – မတ် ၂၆၊ ၂၀၂၆

ဘူးသီးတောင်မြို့နယ်တွင် အီဒုလ်ဖွိသိရ်နေ့ အထိမ်းအမှတ်အဖြစ် မူဆလင်ပြည်သူများကို ULA/AA က မတ်လ ၁၈ ရက်နေ့တွင် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း ဒေသခံမူဆလင်ပြည်သူများက ဆိုကြသည်။

ဘူးသီးတောင်မြို့နယ်၊ တန်းလျှောက်ခံရွာကို စုရပ်ထားကာ စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူဆလင်ပြည်သူများအား ဆန်၊ ဆီ၊ ဆားအပါအဝင် ငါးသေတ္တာများနှင့် အခြားအသုံးဆောင်ပစ္စည်းများ ‌ထောက်ပံ့ခဲ့ပြီး အီဒုလ်ဖွိသိရ်နေ့ အထိမ်းအမှတ်အဖြစ် အလှူပေးပွဲ ULA/AA မှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ပေးအပ်ခဲ့ကြောင်း တန်းလျှောက်ခံရွာသားများက ဆိုကြသည်။

“အခုလိုမျိုး ထောက်ပံ့ပေးတဲ့အတွက် ULA/AA ကို ကျေးဇူးတင်ပါတယ်။ ဆက်ပြီးတော့လည်း ကျနော်တို့ကို ကူညီပေးစေချင်ပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရက္ခိုင်မှ မြို့နယ်အသီးသီးတွင် အီဒုလ်ဖွိသိရ်နေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးမှ တာဝန်ရှိသူများ တက်ရောက်ချီမြှင့်ခဲ့ကြောင်း သိရှိရသည်။

ArakanBayNews #AB_News #ULA_AA #စားနပ်ရိက္ခာထောက်ပံ့ #မူဆလင်ပြည်သူများ #အီဒုလ်ဖွိသိရ်နေ့ #Buthidaung_Township #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ