AB News – အောက်တိုဘာ ၁၂၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုဖြစ်သည့် DRF ၏ ဖော်ပြချက်အရ ARSA အဖွဲ့ဝင်များကိုင်ဆောင်ထားသည့် လက်နက်များအနက် မြန်မာစစ်တပ်ထုတ် MA-3 MKII ရိုင်ဖယ်သေနတ်များကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါလက်နက်များကို အောက်တိုဘာ ၉ ရက်က ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုတွင် ARSA အဖွဲ့ဝင်များ ကိုင်ဆောင်ထားသည့် မှတ်တမ်းများမှတစ်ဆင့် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း DRF က ဖော်ပြထားသည်။
တွေ့ရှိခဲ့ရသည့် MA-3 MKII ရိုင်ဖယ်သေနတ်များသည် မြန်မာနိုင်ငံ ကာကွယ်ရေးပစ္စည်းစက်ရုံများ အရာရှိချုပ်ရုံး (DDI/KAPASA) လက်အောက်ရှိ စက်ရုံများတွင် ထုတ်လုပ်သည့် လက်နက်အမျိုးအစားဖြစ်ပြီး မကွေးတိုင်းဒေသကြီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံခွဲ KAPASA-22 တွင် အဓိကထုတ်လုပ်ကြောင်း သိရသည်။
ထို့အပြင် ရက္ခိုင်ပြည်၊ မောင်တောမြို့သိမ်းတိုက်ပွဲများအတွင်း မြန်မာစစ်ကောင်စီတပ်က ARSA အဖွဲ့ထံ လက်နက်နှင့် ကျည်ဆန် ၈၀၀ ခန့် ပေးအပ်ခဲ့ကြောင်း မောင်တောဒေသခံများက ပြောဆိုထားသည်။
အဆိုပါအကြောင်းအရာကို ကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့သူများ၏ ပြောဆိုချက်အရ သိရခြင်းဖြစ်သည်။
Ref: DRF
