သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ငါးလုပ်ငန်းနှင့် ရေသယံဇာတများစီမံခန့်ခွဲရေးဌာနအတွက် ဝန်ထမ်းများခေါ်ယူနေ

AB News – နိုဝင်ဘာ ၅၊ ၂၀၂၆

အာရက္ခပြည်သူ့တော်လှန်ရေးအစိုရ၏ ငါးလုပ်ငန်းနှင့် ရေသယံဇာတများ စီမံခန့်ခွဲရေးဌာနအတွက် လစ်လပ်နေသည့်ရာထူးနေရာများအတွက် ဝန်ထမ်းများခန့်အပ်ရန် လျှောက်လွှာ ခေါ်ယူလျက်ရှိကြောင်း ယနေ့တွင် အာရက္ခပြည်သူ့ ဝန်ထမ်းရွေးချယ်ခန့်အပ်ရေးကော်မရှင်မှ ထုတ်ပြန်လိုက်သည်။

လျှောက်ထားနိုင်သည့် လစ်လပ်နေသောနေရာများမှာ ငါးသားပေါက်/မွေးမြူရေးစခန်း(အလုပ်သင်) အတွက် ၁၉ ဦး နှင့် ရုံးအကူ/ အလုပ်သင် ၂၅ ဦး စုစုပေါင်း လစ်လပ်နေရာ ၄၄ ဦး အတွက် လျှောက်လွှာခေါ်ယူလျက်ရှိသည်။

အဆိုပါ ရာထူးနေရာများအတွက် လျှောက်လွှာတွင်ဖော်ပြထားသော သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနတွင်းဝန်ထမ်းများ၊ ပြင်ပမှအရည်အချင်းရှိပြီး စိတ်ပါဝင်စားသူများနှင့် ဌာနဝန်ထမ်းဟောင်းများလည်း လျှောက်ထားနိုင်သည်။

ထိုရာထူးနေရာများတွင် ခန့်အပ်ခံရပါက အာရက္ခပြည်သူ့တော်လှန်ရေးအစိုရ၏ ငါးလုပ်ငန်းနှင့် ရေသယံဇာတများ စီမံခန့်ခွဲရေးဌာနတွင် အနည်းဆုံး ၃ နှစ်တာဝန်ကို ထမ်းဆောင်ရမည်၊ နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်ရမည်၊ ဌာနတွင်းကျင်းပသော သင်တန်းအားလုံးကို တက်ရောက်နိုင်ရန်နှင့် လိုအပ်ပါက အမျိုးသားလုံခြုံရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက်အရ (NDEP) သင်တန်းသို့ တက်ရောက်နိုင်ရမည်ဖြစ်ပြီး စသည့်စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်သည်။

အဆိုပါလျှောက်လွှာပုံစံများကို နီးစပ်ရာ ငါးလုပ်ငန်းနှင့် ရေသယံဇာတများ စီမံခန့်ခွဲရေးဌာနရုံးများနှင့် အုပ်ချုပ်ရေးရုံးများမှ ထုတ်ယူနိုင်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ