AB News – ဂျူလိုင် ၇၊ ၂၀၂၆
ရက္ခိုင်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် လိုအပ်သော ဆေးဝါးများကို တရားဝင်တင်သွင်းနိုင်ရန်အတွက် ဆေးဝါးကုမ္ပဏီများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန(ဗဟို)မှ အိတ်ဖွင့်တင်ဒါ ခေါ်နေကြောင်း သိရှိရသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာန(ဗဟို)မှ ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရက္ခိုင်ပြည်မှ ခရိုင်ဆေးရုံ၊ မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအတွက် လိုအပ်သော Arakkha FDA အသိမှတ်ပြု ဆေးနှင့် ဆေးဝါးပစ္စည်းများကို တင်ဒါစနစ်ဖြင့် ဝယ်ယူရန် ဆောင်ရွက်နေကြောင်းသိရသည်။
ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ တရားဝင် အသိမှတ်ပြုထားသော လိုင်စင်ရ ဆေးကုမ္မဏီ၊ ဆေးဆိုင်များအနေဖြင့် အိတ်ဖွင့်တင်ဒါများ တင်သွင်းကြရန် ဖိတ်ခေါ်ထားသည်။
တင်ဒါများလျှောက်လွှာများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၊ ၂၂ ရက်နေ့တွင် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ ဂျူလိုင်လ ၊ ၃၁ ရက်နေ့တွင် နောက်ဆုံးထားပြီး လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ကြောင်း ဆိုထားသည်။
အလားတူ တင်သွင်းမည့် ဆေးနှင့် ဆေးဝါးပစ္စည်း နမူနာများကိုလည်း လျှောက်လွှာပိတ်ရက်မတိုင်မှီ နောက်ဆုံးထားအပ်နှံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အိတ်ဖွင့်တင်ဒါနှင့် သက်ဆိုင်သောအချက်အလက်များ၊ အိတ်ဖွင့်တင်ဒါ စည်းမျဥ်း၊ စည်းကမ်းများ၊ လိုအပ်သော ဆေးနှင့် ဆေးဝါးပစ္စည်းများနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက အာရက္ခပြည်သူ့ကျန်းမာရေးဌာန(ဗဟို) နှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ကျန်းမာရေးဌာနများတွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

