သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎ပုဏ္ဏားကျွန်း၊ ဗျာလစစ်ရှောင်စခန်းကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်၊ စစ်ရှောင် ၁၀ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိ‎


‎AB News – နိုဝင်ဘာ ၁၃၊ ၂၀၂၆
‎
‎ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာနှင့် သရက်ချိုရွာကြားရှိ ဗျာလ စစ်ဘေးရှောင်စခန်းကို ယနေ့ နိုဝင်ဘာ ၁၃ ရက်၊ ညနေ ၇ နာရီခန့်တွင် စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
‎
‎အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
‎
‎လက်ရှိတွင် သေဆုံး၊ ဒဏ်ရာရရှိသူများ၏ အသေးစိတ်အချက်အလက်များနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
‎
‎ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်သည် မြောက်ဦးမြို့၊ကြက်ဈေးရပ်ကွက်ကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
‎
‎ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလစစ်ဘေးရှောင်စခန်းကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ရှောင်ပြည်သူ ၆ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရခဲ့သည်။
‎
‎လက်ရှိ မြေပြင်တွင် အာရက္ခတပ်တော်ထံ စစ်ရေးရှုံးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရွာများ၊ စာသင်ကျောင်းများ၊ သာသနိက အဆောက်အအုံများနှင့် စစ်ရှောင်စခန်းများကို ရှုံးမဲ မဲ၍ ဗုံးကြဲတိုက်ခိုက်ကာ အရပ်သားပြည်သူများကို သတ်ဖြတ်လျက်ရှိသည်။
‎
‎

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ