သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်မှ ရေဘေးသင့်မူဆင်လင်ကျေးရွာ ၂ ရွာကို စောမဲကျီဖောင်ဒေးရှင်မှ အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့

AB News – ဇူလိုင် ၁၃၊ ၂၀၂၆

မြောက်ဦးမြို့နယ်မှ ရေဘေးသင့် မူဆလင်ကျေးရွာ ၂ ရွာကို စောမဲကျီဖောင်ဒေးရှင်းမှ တစ်ပတ်စာ အရေးပေါ်စားနပ်ရိက္ခာများကို ကူညီထောက်ပံပေးခဲ့ကြောင်းသိရသည်။

မြောက်ဦးမြို့နယ်တွင် ရေနစ်မြုပ်မှုကြောင့် အရေးပေါ် ကူညီထောက်ပံ့မှုများလိုအပ်နေသော ဆီသည် (မူဆလင်) ကျေးရွာနှင့် ရှမ်းတောင် (မူဆလင်) ကျေးရွာသို့ ULA ပါတီဝင်များ၊ ပါတီလူငယ်အင်အားစုများ၊ အာရက္ခတပ်တော်၏ တပ်ဖွဲ့ဝင်များ၊ HDCO နှင့် Metta Clinic မှ ဝန်ထမ်းများက ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင်  ကွင်းဆင်းစစ်ဆေးပြီး စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါရေနစ်မြုပ်မှုကြောင့် နေအိမ်များပျက်စီးသွားသည့် ဆီသည်(မူဆလင်) ကျေးရွာမှ အိမ်ထောင်စု (၃၉) စု၊ လူဦးရေ (၁၈၃)နှင့် ရှမ်းတောင်ကျေးရွာမှ အိမ်ထောင်စု (၃၅) စု၊ လူဦးရေ (၁၅၀) အတွက်များ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

​စောမဲကျီဖောင်ဒေးရှင်းမှ အိမ်ထောင်စု တစ်စုလျှင် တစ်ပတ်စာ အခြေခံစားနက်ရိက္ခာ ဆန် ၄၈ ဗူး၊ ဆီ ၁ လီတာ၊ ငခြောက် ပိဿာခွဲ တို့ကို ထောက်ပံပေးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ယခုကဲ့သို့ လာရောက်ထောက်ပံ့ပေးမှုအပေါ် အလွန်ကျေးဇူးတင်ရှိကြောင်းကို ရှမ်းတောင်ကျေးရွာမှ ဦးခင်အောင်ရွှေ က ဆိုသည်။

“ကျနော်တို့မှာ ရေနစ်မြုပ်ခဲ့လို့ နေအိမ်တွေ၊ အဝတ်အစားတွေနဲ့ ဝမ်းစာ စပါးတွေ အကုန် ရေစိုကုန်ပါတယ်၊ အခက်အခဲဖြစ်နေတဲ့ ကျနော်တို့ဆီကို အခုလို လောက်ရောက်ထောက်ပံ့ပေးလို့ အရမ်းကိုကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။

ရက္ခိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့မှစပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ရေပြန်ကျခဲ့သည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ