AB News – ဇူလိုင် ၅၊ ၂၀၂၆
ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ချင်းကွင်းရွာတွင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ပြီး လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတ်ဖြတ်ခံခဲ့ရသူမှာ ကျိန္တလီမြို့၊ ချင်းကွင်းရွာမှ ဒေါ်မချစ် (၆၉)နှစ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့၊ နံနက် ၇ နာရီကျော်အချိန်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ချင်းကွင်းရွာမှ ဒေါ်မချစ်သည် နေအိမ်မှ ရွာတောင်ဖက် မီတာ ၁၀၀၀ ခန့်အကွာတွင် ကွမ်းစိုက်ခင်းသို့ အလုပ်လုပ်ကိုင်ရန် တစ်ဦးတည်း ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ နေ့လည် ၂ နာရီအချိန်ထိ ဒေါ်မချစ်မှာ နေအိမ်သို့ ပြန်မရောက်၍ ၎င်း၏ ချွေးမဖြစ်သူ ဒေါ်စုစုခိုင်က အိမ်နီးချင်းများအား အသိပေး၊ ခေါ်ယူပြီး ကွမ်းခင်းသို့ သွားရောက်ရှာဖွေခဲ့ရာ ညနေ ၄ နာရီခွဲအချိန်တွင် ဒေါ်မချစ် အား ကွမ်းခင်း၌ သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။
ဒေါ်မချစ် အား သတ်ဖြတ်ပြီး နား ၂ ဖက်ကို လှီးဖြတ်ကာ နားကပ်တရံကိုပါ ယူဆောင်သွားပြီး ရုပ်အလောင်းအား ရေတွင်းထဲသို့ ပစ်ချထားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့


