သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Breaking News

ရက္ခိုင်ရှိ မြို့ ၃ မြို့ကို စစ်ကော်မရှင် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

AB News – ဧပြီ ၁၉၊ ၂၀၂၆

ရက္ခိုင်ပြည်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော် နှင့် မြောက်ဦးမြို့နယ်တို့ကို စစ်ကောင်စီတပ်က ယနေ့တွင် လေကြောင်းမှ တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် စစ်ကော်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့ရှိ နတလကျောင်းနှင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျောက်ဆည်ပြင် ကျေးရွာတို့ကို လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက AB News သို့ ပြောကြားသည်။

“ဒီနေ့ ၁၀ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာဝဲလာပြီး လာချတာ။ ဂျက်လေယာဉ်သံ ၅ ကြိမ်လောက် ကြားလိုက်ရတယ်။ ပုဏ္ဏားကျွန်းမြို့ နတလကျောင်းမှာ ဗုံးကျတယ်လို့ သိရတယ်။ မီးခိုးငွေ့တွေ ထွက်နေတာလည်း မြင်ရတယ်။ လူအထိအခိုက်ကတော့ အတည်ပြုဖို့ စုံစမ်းနေတုန်းပဲ။ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ဘက်နဲ့ ကျောက်တော်ဘက်မှာလည်း ကြဲခဲ့တယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် တစ်ချိန်တည်းမှာပင် ကျောက်တော်မြို့နယ်ရှိ ဒေါင်းဒေါင်ယိုး ကျေးရွာကိုလည်း လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ်အချက်အလက်များကို AB News မှ ဆက်လက် စုံစမ်းဖော်ပြပေးသွားမည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ