သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဝက်သက်ရောဂါအား အထူးသတိပြုကြရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပြည်သူများအား တိုက်တွန်းထား‎


‎AB News – ဧပြီ ၁၉၊ ၂၀၂၆

‎ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ဝက်သက် (Measles) ရောဂါ ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေခြင်းမှာ တစ်ပတ်ကျော်ခန့် ကြာမြင့်နေ၍ ရက္ခိုင်ပြည်ဘက်သို့ ကူးစက်မပြန်ပွားစေရန် အာရက္ခပြည်သူ့ကျန်းမာ‌ရေးဌာနမှ ပြည်သူလူထုအနေဖြင့် လိုက်နာဆောင်ရွက်ရန် အချက်အလက်များကို ဆောင်ပုဒ်များဖြင့် နှိုးဆော်တိုက်တွန်းထားသည်။

‎ဘင်္ဂလားဒေ့ရှ်ဘက်တွင် ဝက်သက်ရောဂါ ကူးစက်ပြီး သေဆုံးလူနာများ ရှိနေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နှင့် ရက္ခိုင်ပြည် နယ်စပ်မှ မြို့များဖြစ်သည့် မောင်တော၊ ဘူးသီးတောင် အပါအဝင် ရသေ့တောင်၊ ပေါက်တောမြို့အတွင်းက ဒေသခံပြည်သူများနှင့် ပလက်ဝဒေသမှ ပြည်သူများအ‌နေဖြင့် အထူးသတိပြုကြရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။

‎အဆိုပါ ဝက်သက်ရောဂါမှာ ကူးစက်မြန်ရောဂါတစ်ခုဖြစ်ပြီး‌ လေထုတဆင့်ကူးစက်စေနိုင်ပြီး အသက်အရွယ်မ‌ရွေး ကူးစက်နိုင်ကာ ကာကွယ်ဆေး မထိုးရသေးသည့် ကလေးငယ်များဆိုလျှင် အသက်အန္တရာယ်ပါ စိုးရိမ်ရကြောင်း သိရှိရသည်။

‎ကူးစက်ခံရပါက ဖျားနာခြင်း၊ ချောင်းဆိုးနှာရည်ယိုခြင်း၊ မျက်လုံးများနီရဲပြီး မျက်ရည်ပူယိုခြင်း၊ ဖျားနာ ၃/၄ရက်အကြာ ခန္ဓာကိုယ်ပေါ်တွင် အနီစက်ကလေးများ၊ အဖုပိမ့်များထွက်ခြင်းစသည့် ရောဂါလဏ္ခာများပြတတ်သည်။

‎ ရောဂါကူးစက်ခံသည့် သံသယရှိလာပါက မိမိနေအိမ်တွင်မကုသဘဲ သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ် အလိုက် ဆေးရုံ၊ ဆေးခန်း၊ နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ဆေးကုသမှုခံယူကြရန် တိုက်တွန်းထားသည်။

‎၎င်း ဝင်သက်ရောဂါကာကွယ်ရန်အတွက် ဝက်သက်ရောဂါ ကာကွယ်ဆီးထိုးနှံခြင်း ဝက်သက်ရောဂါပိုးရှိသူ၊ ဝက်သက်ပေါက်သူတို့ အနီးအနားမနေရန်၊ လူစုလူဝေးသို့ မသွားလာကြရန်၊ သွားလာပါက နှာခေါင်းစည်း Mask တပ်ရန်၊ အပြင်မှ အိမ်ပြန်လာတိုင်းနှင့် အစာစားခါနီးတိုင်း လက်ကို ဆပ်ပြာနှင့် အသေအချာဆေးကြောရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ