သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နှင့် ကျောက်တော်တွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

AB News – မေ ၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်အတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့် ပြင်းထန်နှင့် အလတ်စားဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA) က ယနေ့ မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာ အရှေ့တောင်ဖက်ရှိ ကင်းမွန်ချောင်းဂျိုင်နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်၊ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ ၂ စီး၊ Y-12 ၁ စီးဖြင့် အဆိုပါနေရာများအား မိနစ် ၄၀ ခန့်ကြာသည်အထိ တရစပ် မရပ်မနားဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ပြည်သူတချို့ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သကဲ့သို့ လူနေအဆောက်အအုံတချို့ ပျက်စီးမှု၊ ကျွဲ၊ နွား၊ တိရစ္ဆာန် တချို့ သေဆုံးမှု၊ဗုံးစထိမှန်မှုတို့ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ယမန်နေ့တစ်ရက်တည်းတွင်ပင် စစ်ကော်မရှင်တပ်သည် ကျောက်တော်မြို့နယ်၊ သုံးခွအနီးပတ်ဝန်းကျင်သို့လည်း ဂျက်ဖိုက်တာ ၄ စီးဖြင့် ည ၁၀ နာရီခန့်မှ ၁၀ နာရီ ၂၅ မိနစ်အထိ ပေါင် ၅၀၀ ဗုံး ၈ လုံးဖြင့် လာရောက်ပစ် ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ၁၀ နာရီ ၂၈ မိနစ်တွင်လည်း Y-12 ထောက်ပို့လေယာဉ် ၂ စီးမှ Cluster Boombအမျိုးအစား ၂၄ လုံးခန့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ၎င်းအနီးအရပ်သားပြည်သူတစ်ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်းတစ်ဦး၊ ကလေးတစ်ဦး သေဆုံးခဲ့ပြီး ပြင်းထန်နှင့်အလတ်စားဒဏ်ရာရသူ ၁၀ ဦးခန့်လည်းရှိခဲ့သည်။

ထို့အပြင် ကျောက်တော်မြို့နယ်၊ ပြိုင်းချောင်းကျေးရွာမှ အရပ်သား တစ်ဦး ပိုင်ဆိုင်သော နွား ၇ ကောင်လည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးရခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ