သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်၊ ကျိန္တလီနှင့် ရေကျော်ရွာကို စစ်ကော်မရှင် ဗုံးကြဲ၊ အရပ်သား ၆ ဦး ဒဏ်ရာရ

AB News – ဇွန် ၂၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် ရေကျော်ရွာကို စစ်ကော်မရှင်လေတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။

ယမန်နေ့ ဇွန်လ ၂၆ ရက်၊ ညနေပိုင်း ၃နာရီခန့်အချိန်တွင် အကြမ်းဖက်စစ်တပ်၏ ဂျက်ဖိုက်တာတစ်စီးသည် ရေကျော်ရွာ၊ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး ၁ လုံး၊ စာသင်ကျောင်းကို ပေါင် ၃၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညနေ ၃နာရီ၊ ၁၀မိနစ် ခန့်အချိန်တွင်လည်း ကျန္တလီမြို့ အမှတ် ၂ ရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ ရေကျော်ရွာမှ မောင်ထက်မြတ်သူ ၁၀ နှစ်၊ ဦးဆန်းမင်း ၃၅ နှစ်၊ ဦးဖိုးနီ ၇၅ နှစ်၊ မဆုမြတ်မွန် ၁၃ နှစ်၊ ဦးဝေရာမင်း ၄၅ နှစ်နှင့် ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်က မဆောင်းဟေမာန်ခင် ၁၈ နှစ်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူပိုင်နေအိမ် အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ရပြီး ဒဏ်ရာရရှိခဲ့သည့် အရပ်သားပြည်သူ ၆ ဦးမှာလည်း နီးစပ်ရာ ဆေးကုသဆောင်များတွင် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နှင့် ၂၃ ရက်ကလည်း ဂွမြို့နယ် ကံကော်တောင်ရွာနှင့် ကျိန္တလီမြို့ အမှတ် ၂ ရပ်ကွက်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား စုစုပေါင်း ၆ ဦး ဒဏ်ရာရရှိခဲ့ရသည်။

ဓာတ်ပုံ – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ