သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူဆယ်တွင် ဖမ်းဆီးရမိသည့် ကျပ်သိန်း၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ်အဖွဲ့ မီးရှို့ဖျက်ဆီး


AB News – ဇွန် ၂၇၊ ၂၀၂၆

ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသ၊ မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်တွင် ဖမ်းဆီးရမိသည့် ငွေကျပ် သိန်း၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ညီနောင်မဟာမိတ်အဖွဲ့မှ မီးရှို့ဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ညီနောင်မဟာမိတ်အဖွဲ့က ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ဘိန်းဖြူ၊ ရာမ နှင့် ခါးခူးအပါအဝင် ကာလတန်ဖိုး ကျပ်ငွေ သိန်း ၂၀၀ နီးပါးရှိသည့် မူးယစ်ဆေးဝါးများကို ဒေသခံပြည်သူများရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယခင်က မိုင်းယု (၁၀၅)မိုင်ဒေသသည် မူးယစ်ဆေးဝါးအပြင် လောင်းကစားဝိုင်းများပါ ပေါများသောကြောင့် နေ့စဉ်နှင့်အမျှ ခိုးယူလုယက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသော ဒေသဖြစ်သည်။

အဆိုပါအခမ်းအနားအား ညီနောင်မဟာမိတ်များဖြစ်ကြသည့် ကိုးကန့်တပ်မတော်(MNDAA) ၊ အာရက္ခတပ်တော်(AA) အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံများ၊ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ပရဟိတအဖွဲ့များပါ တက်ရောက်ခဲ့ကြသည်။

၎င်းမီးနဂါးစစ်ဒေသတွင် လက်ရှိ ဒေသတွင်း မူးယစ်ဆေးဝါးအန္တရာယ် ပပျောက်ရေးအတွက် မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ နေ့စဉ်နှင့်အမျှ တိုက်ဖျက်လျက်ရှိရာ ဒေသခံပြည်သူများအနေဖြင့်လည်း ယင်းလုပ်ငန်းစဉ်များတွင် တက်ကြွစွာ အတူတကွ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ – Mine Yu News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ