သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့၊ သဲတန်းရွာ Music Love KTV မှ မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းချသူတစ်ဦးကို DLEPS ဖမ်းဆီး‎


‎AB News – မတ်၂၅၊ ၂၀၂၆

‎ရက္ခိုင်ပြည်၊ မင်းပြားခရိုင်၊ မင်းပြားမြို့နယ်၊ သဲတန်းရွာ၌ ဖွင့်လှစ်ထားသော Music Love KTV တွင် မူးယစ်ဆေးဝါး လက်ဝယ်ထားလျက် သုံးစွဲရောင်းချ နေသူတစ်ဦးကို မူးယစ်ဆေးဝါးများအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ DLEPS ဌာနမှ လက်ပူးလက်ကြပ် ဖမ်းဆီးရမိကြောင်း အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

‎မတ်လ ၁၅ ရက်နေ့၊ ညည့် ၁၁ နာရီ မိနစ် ၄၀ ခန့်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်မှာ မင်းပြားမြို့နယ်၊ သဲတန်းရွာရှိ Music Love KTV ၏ အခန်းနံပါတ် ၈၀၉ တွင် မူးယစ်ဆေးဝါးများ လက်ဝယ်ထား၍ သုံးစွဲ၊ ရောင်းချနေကြောင်း သတင်းရရှိသဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရီးဌာန (DLEPS)မှ တပ်ဖွဲ့ဝင်များသည် Music Love KTV၏ အခန်းနံပါတ် ၈၀၉ သို့ ဝင်ရောက်ရှာဖွေရာမှ တွေ့ရှိပြီး ဖမ်းဆီးခဲ့​ခြင်းဖြစ်သည်။

‎မြောက်ဦးမြို့နယ်၊ သရက်တောရွာမှ မျိုးလှိုင်ဝင်း ၂၈နှစ် ဆိုသူအား (WY/R) စာတန်းပါ မူးယစ်ဆေးပြား ၅၅၇ ပြား၊ မူးယစ်ဆေးဝါးရောင်းချရာမှ ရရှိသည်ဟု ယူဆရသော ငွေ ကိုးသိန်းခြောက်သောင်း (၉၆၀၀၀၀)ကျပ်အပြင်  ViVo အမျိုးအစား အမည်းရောင် လက်ကိုင်ဖုန်း ၁ လုံး၊ Oppo အမျိုးအစား အမည်းရောင်လက်ကိုင်ဖုန်း ၁ လုံး၊ အရိုးအသွား ၁၀ လက်မခန့်ရှိအသွားနှစ်ဖက်ပါ ဓားဦးချွန် ၁ လက်၊ GRAND ROYAL တံဆိပ်ပါ သောက်လက်စ အရက် ၁ ပုလင်း၊ Mongolia တံဆိပ်ပါသောက်လက်စ အရက် ၁ ပုလင်းတို့ကို တွေ့ရှိခဲ့ပြီး မျိုးလှိုင်ဝင်း အသုံးပြုသည့် Wave Honda အပြာ-အမည်းစပ်ရောင် ဆိုင်ကယ် ၁ စီး၊ HILUX SURF အမည်းရောင် အိမ်စီးကား ၁ စီးတို့ကိုပါ တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

‎ထိုသို့  မူးယစ်ဆေးဝါးများအပါအဝင် မူးယစ်ဆက်စပ်ပစ္စည်းများနှင့်အတူ လက်ပူးလက်ကြပ် ဖမ်းမိသော မျိုးလှိုင်ဝင်းကို မယ (ပ)၁/၂၀၂၆၊မူးယစ်ဆေးဝါးနန့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

‎တချိန်တည်းတွင်  DLEPS အနေဖြင့် ဤအမှု၏ ကွင်းဆက်တရားခံများကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကာ ဥပဒေအကြံပြုချက်များနှင့်အညီ ဆက်လက်၍ တရားစွဲတင်လားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

‎ဓာတ်ပုံ – အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ