
AB News – မေ ၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်တွင် တရားမဝင် နှစ်လုံး၊ သုံးလုံး လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒိုင်တစ်ခုကို မေလ ၂ ရက်နေ့တွင် DLEPS ဌာနက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သံတွဲမြို့၊ အမှတ် (၆) ရပ်ကွက်၊ ငုဝါလမ်းရှိ နေအိမ်တစ်လုံးတွင် တိတ်တဆိတ် ဖွင့်လှစ်ထားသည့် အဆိုပါဒိုင်ကို ဝရန်းအမှတ် (၁/၂၀၂၆) ဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
၎င်းစီးနင်းမှုအတွင်း အိမ်ရှင်ဖြစ်သူ ဒေါ်ကျော့သန္တာ အပါအဝင် ဒေါ်ထွေးထွေးမြင့် (၃၅ နှစ်)၊ ဦးထွန်းထွန်းဦး (၃၈ နှစ်)၊ ဦးမင်းချစ်ဦး (၄၀ နှစ်) နှင့် ဦးတင်သန်း (၅၀ နှစ်) တို့ကို လောင်းကစား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
လက်ရှိတွင် သံတွဲမြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်သူ အချို့သည် လောင်းကစားလုပ်ငန်းများအပြင် ခိုးရာပါပစ္စည်း ရောင်းဝယ်ခြင်းနှင့် တရားမဝင် ဖျော်ဖြေရေးလုပ်ငန်းများကိုပါ အခြေတကျ လုပ်ကိုင်လာနေကြကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ ၅ ဦးကို သက်ဆိုင်ရာ လောင်းကစား ဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူနိုင်ရန် စီစဉ်နေပြီး၊ မြို့နယ်အတွင်း တရားမဝင် လောင်းကစားလုပ်ငန်းများနှင့် အခြားသော မှုခင်းဖြစ်ပွားမှုများ လျော့နည်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။