သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဝီရဌာနီမြို့နယ်တွင် စကမ လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ အရပ်သား ၇ ဦး သေဆုံး၊ ၁၇ ဦးထက်မနည်း ဒဏ်ရာရ

AB News – အောက်တိုဘာ ၁၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဝီရဌာနီမြို့နယ်၊ ဆင်အိုင်ရွာကို စစ်ကော်မရှင်တပ်က အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မူဆလင်များအပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၀ ရက်၊ ညနေ ၆ နာရီကျော်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆင်အိုင်ရွာ ဘောလုံးကွင်းအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေ​​ကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ ဆင်အိုင်ရွာမှ ဒေါ်မခင်သန်း (၆၅ နှစ်)၊ ဒေါ်ဦးမြသန်း (၆၄ နှစ်)၊ ဒေါ်ရီရီသန်း (၄၁ နှစ်)၊ ဒေါ်ဝင်းမ (၁၀၀ နှစ်) ၊ဝီရဌာနီမြို့နယ်အတွင်းရှိ အနောက်ရဲ မူဆလင်ဒုက္ခသည်စခန်းမှ မာမောက်ချော်ရိပ် (၂၀ နှစ်)၊ ကျောက်ဖြူ မူဆလင်စစ်​ရှောင်စခန်းမှ ဒေါ်ညီညီ (၂၇ နှစ်) နှင့် ၎င်း၏သား ဆာဟာတ် (၆ နှစ်) တို့လည်း သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ဝီရဌာနီမြို့နယ်၊ ငပြီကျွန်းကို အောက်တိုဘာ ၇ ရက်မှစ၍ ထိုးစစ်ဆင်နေပြီး တိုက်ပွဲများနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိသည့် အရပ်သားများ နေထိုင်ရာ ကျေးရွာများကိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ပြင် စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူ့ဆေးရုံများ၊ စစ်ဘေးရှောင်စခန်းများနှင့် အရပ်သားများ ခိုလှုံရာနေရာများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

Photo – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ