AB News – နိုဝင်ဘာ ၁၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပါးတော်ရွာတွင် အောက်တိုဘာလ ၁၉ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူ တရားခံကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီး အရေးယူထားပြီး ဖြစ်ကြောင်း ဒီလပ်ဌာနမှ ထုတ်ပြန်ထားသည်။
ပါးတော်ရွာတွင် အောက်တိုဘာ ၁၉ ရက်က ကွမ်းသီးခင်းစောင့် အောင်ကျော်သိန်း (၃၂ နှစ်)မှာ လည်ပင်း၌ ဓားဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ယင်းလူသတ်မှုနှင့်ပတ်သက်၍ ဒီလပ် က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
စုံစမ်းစစ်ဆေးချက်အရ အောင်ကျော်သိန်းနှင့် အရက်အတူသောက်စားခဲ့သူ နေကျော်လင်း (၂၄ နှစ်) က ယခင်က စကားများရန်ဖြစ်ခဲ့မှုအပေါ် အငြိုးထားကာ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
နေကျော်လင်းသည် အောက်တိုဘာ ၂၃ ရက်တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ဖြောင့်ချက်ပေးခဲ့ပြီး ပြစ်မှုနှင့်မသက်ဆိုင်သည့် အခြားသံသယရှိသူ ၆ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၉ အရ ပြန်လည်လွှတ်ပေးခဲ့ကာ နေကျော်လင်းကို ဥပဒေအကြံပြုချက်နှင့်အညီ တရားစွဲတင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ဓာတ်ပုံ – အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့





