သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့ ဆေးရုံကြီးအနီး စစ်တပ်လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်၊ ဒေသခံ ၂ ဦး ဒဏ်ရာရပြီး ဆေးရုံနှင့် နေအိမ်များ ပျက်စီး

AB News – အောက်တိုဘာ ၁၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြေပုံမြို့၊ ဆေးရုံကြီးအနောက်ဘက် ခေါဇာတောင်တန်းကို စစ်ကော်မရှင်တပ်က ယမန်နေ့ အောက်တိုဘာ ၁၀ ရက်၊ ညဉ့်နက်ပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၂ ဦး ဒဏ်ရာရရှိကာ ဆေးရုံနှင့် နေအိမ်အချို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ယမန်နေ့ အောက်တိုဘာ ၁၀ ရက်၊ ည ၁၁ နာရီ ၄၇ မိနစ်တွင် ဗုံး ၁ လုံးနှင့် ည ၁၂ နာရီခန့်တွင် ၁ လုံး၊ စုစုပေါင်း ဗုံး ၂ လုံး ရှေ့ဆင့်နောက်ဆင့် လာရောက် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းလေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၃၄ နှစ်အရွယ် ချင်းအမျိုးသား ဦးအောင်ချမ်းဝေ ၏ ဦးခေါင်းနှင့် ညာဘက်ပုခုံးတို့တွင် ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ၎င်း၏ နေအိမ်ပါ ပျက်စီးသွားခဲ့သည်။

ထို့အပြင် အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်ကြည့် မှာလည်း ခြေထောက်နှစ်ဖက်စလုံးတွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ အိမ်နံရံများပေါက်ပြဲ ပျက်စီးခဲ့ရသည်။

ဗုံးပေါက်ကွဲမှုကြောင့် မြေပုံမြို့ ပြည်သူ့ဆေးရုံကြီး၏ လူနာဆောင် အမိုးအကာအချို့လည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူ့ဆေးရုံများ၊ စစ်ဘေးရှောင်စခန်းများနှင့် အရပ်သားများ ခိုလှုံရာနေရာများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ