သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းတပ်မြို့ရှိ စစ်ဘေးရှောင်များနေထိုင်သော နေရာကို စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

AB News – ဩဂုတ် ၃၁၊ ၂၀၂၆

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးရှိ စစ်ဘေးရှောင်များ ခေတ္တခိုလှုံနေသည့် ကျေးရွာတစ်ရွာအတွင်းသို့ ယမန်နေ့ ဩဂုတ် ၃၀ ရက်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် လေ​ကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကော်မရှင်တပ်က မင်းတပ်မြို့အနီးရှိ စစ်ဘေးရှောင်များခိုလုံ​နေသည့်ကျေးရွာကို လေကြောင်းမှ ရုတ်တရက် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းလေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကာ သေဆုံးသွားသူများအနက် KG တန်းနှင့် Grade-9 တက်ရောက်နေသည့် ကလေးငယ်များအပြင် အသက်အရွယ်ကြီးရင့်သူများပါ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူပိုင်နေအိမ် ၂၀ လုံးခန့်ပျက်စီးခဲ့ရပြီး နေအိမ်အချို့မှာလည်း မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်က အဆိုပါ စစ်ဘေးရှောက်များခိုလုံနေသည့်ကျေးရွာကို ဂျက်တိုက်လေယာဥ်၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်ကလည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့သည်။

Photo – Hkl Mindat

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ