သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်–ရက္ခိုင်ကမ်းရိုးတန်းတွင် လှိုင်း ၁၂ ပေအထိ မြင့်နိုင်

AB News – ဩဂုတ် ၃၁၊ ၂၀၂၆

ရန်ကုန်မှ ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်တွင် လာမည့် ၂၄ နာရီအတွင်း လေပြင်းတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ယနေ့ ဩဂုတ် ၃၁ ရက် မွန်းတည့်မှ စတင်၍ လာမည့် ၂၄ နာရီအတွင်း ရန်ကုန်–ရက္ခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်တွင် တောင် သို့မဟုတ် အနောက်တောင်ဘက်မှ တစ်နာရီလျှင် ပင်လယ်မိုင် ၁၅ မှ ၂၀ အထိ လေတိုက်နိုင်ပြီး တစ်ခါတစ်ရံ ပင်လယ်မိုင် ၃၀ မှ ၃၅ အထိ လေပြင်းတိုက်ခတ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်သည့်အပြင် နေရာအနှံ့ မိုးထစ်ချုန်းရွာသွန်းနိုင်သဖြင့် ပင်လယ်ပြင်ခရီးသွားလာသူများအနေဖြင့် အထူးသတိပြုရန် လိုအပ်သည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်တွင်လည်း အနောက် သို့မဟုတ် အနောက်တောင်ဘက်မှ လေတိုက်နှုန်းတစ်နာရီလျှင် ပင်လယ်မိုင် ၁၅ မှ ၂၀ အထိ တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရံ ပင်လယ်မိုင် ၃၀ မှ ၃၅ အထိ ရှိနိုင်သည်။

ထိုကမ်းရိုးတန်းတွင်လည်း လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ ရှိနိုင်သည်ဟု သိရသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းတစ်ခု ရှိနေသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလား​ဒေ့ရှ်ပြည်နယ်ဘက်သို့ ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသည့်အခြေအနေကြောင့် ကမ်းရိုးတန်းဒေသများနှင့် ပင်လယ်ပြင်တွင် လေပြင်းနှင့် လှိုင်းကြီးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်