သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ဆန်တက်လာသော စစ်တပ်ရေယာဥ်အုပ်စုကို KIA နှင့် ပူးပေါင်းတပ်များတိုက်ခိုက်

AB News – သြဂုတ် ၃၁၊ ၂၀၂၆

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်သင်္ဘောများမှာ ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့တွင် ကသာမြို့မှ ရွှေကူဘက်ကို ဆန်တက်လာစဥ် KIA နှ့ ပူးပေါင်းတပ်များက FOV ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

တိုက်ခိုက်မှုအတွင်း တွဲတွန်းသင်္ဘောတစ်စီးပျက်စီးသွားခဲ့ရပြီး ယင်းသင်္ဘောမှာ ဒရုန်းဖြင့်ပစ်ခတ်ခြင်းကို ခံရသည့်အတွက်ကြောင့် ဝမ်းဗိုက်ပိုင်း ပွင့်သွားခဲ့ရပြီး ဆက်လက်မောင်းနှင်နိုင်ခြင်းမရှိတေ့ာသည့်အတွက် စစ်ကော်မရှင်တပ်က အစောင့်များနှင့် ချန်ထားခဲ့ရကြောင်း သိရသည်။

အဆိုပါ တွဲတွန်းသင်္ဘောကို စစ်ကော်မရှင်တပ်က အခြားသင်္ဘောများနှင့် ဆွဲတင်ရန်ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့သည့်အတွက် ဘိုကုန်းကျေးရွာအနီးတွက် ချန်ထားခဲ့စဥ် KIA နှင့် ပူးပေါင်းတပ်များက သြဂုတ် ၂၉ ရက်တွင် သွားရောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၂၃ ရက်နေ့ ရရှိထားသော အချက်လက်များအရ စစ်သင်္ဘောအုပ်စုတွင် တိုက်ခိုက်ရေးယာဉ် ၂ စီး၊ ကမ်းထိုးယာဉ် ၄ စီးနှင့် တွဲတွန်းသင်္ဘော ၈ စီး ပါဝင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆက်လက်ဆန်တက်ကာ မြစ်ကမ်းဘေးရှိကျေးရွာများကို ပစ်ခတ်နေကြောင်း သိရသည်။

Photo – KNG

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ