AB News – စက်တင်ဘာ ၂၊ ၂၀၂၆
ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်မြို့သို့ အကြမ်းဖက်စစ်ကော်မရှင်တပ်၏ စစ်ရေယာဥ်အုပ်စု ဆန်တက်လာသည်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်ခိုက်မှုကြောင့် စစ်သင်္ဘော (၄) စီးပျက်စီးပြီး (၂) စီး အလံဖြူထောင်ကမ်းကပ်ခဲ့ရသည်။
အဆိုပါစစ်ရေယာဥ်အုပ်စုသည် ဗန်းမော်တွင်ပိတ်မိနေသော အကြမ်းဖက်စစ်တပ်အတွက် စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများဖြည့်တင်းရန် ဆန်တက်လာခြင်းဖြစ်ပြီး ရွှေကူမြို့နယ်၊ ဇင်းဘုံံမြို့နယ်အနီးသို့ ရောက်ရှိချိန်တွင် KIA နှင့် PDF မှပြင်းထန်စွာတိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတစ်စီးမှာ စစ်သားများဖြင့် ရေထဲနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၂ ရက်၊ နံနက်စောစော ၄ နာရီကျော်အချိန်တွင် တပ်မ ၃၃ ဒတပ်မမှုး ဦးစီးတဲ့ အကြမ်းဖက်စစ်ကော်မရှင်၏ စစ်ရေယာဥ်အုပ်စုသည် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ စစ်အင်းအားနှင့် ရိက္ခာဖြည့်တင်းရန် ထွက်ခွာလာကြောင်းသိရသည်။
အဆိုပါ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ စစ်ရေယာဉ်အုပ်စုသည် ဧရာဝတီ ဒုတိယမြစ်ကျဉ်း ဧရိယာနားနှင့် ဇင်းဘုံကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခံရသည် ဟုသိရသည်။
ထိုနောက် စစ်သင်္ဘော (၄) စီးပျက်စီးပြီး ကျန်နှစ်စီးမှာ ရှေ့ဆက်မသွားနိုင်သောကြောင့် မြစ်ကမ်းဘေးသို့ကပ်ကာ အလံဖြူထောင်ပြီး စစ်သားစုစုပေါင်း (၁၀၀) ကျော် အလင်းဝင်ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားနေသည့် အကြမ်းဖက်စစ်ကော်မရှင်တပ်မှ တိုက်လေယာဥ် အစီး (၂၀) ကျော်ဖြင့် အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်မှု ပြလုပ်ခဲ့ကြောင်းလည်း သိရသည်။
စစ်ရေယာဉ်အုပ်စုမှာ မန္တလေးဘက်မှ ဆန်တက်လာခြင်းဖြစ်ပြီး ဩဂုတ်လ ၂၇ ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့ကာ ရက်အနည်းငယ် ရပ်နားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့ဘက်သို့ ဆက်လက်ဆန်တက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
