သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် အိန္ဒိယဈေး ဗုံးကြဲခံရမှုကို ယောကာကွယ်ရေးတပ် (YDF) ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

AB News – စက်တင်ဘာ ၂၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ “အိန္ဒိယဈေး” ၌ ပြည်သူများ စည်ကားနေချိန် စစ်ကော်မရှင်တပ်က အပြစ်မဲ့ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ယောကာကွယ်ရေးတပ် (YDF) က ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယမန်နေ့ စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီကျော်အချိန်တွင် အဆိုပါ အိန္ဒိယဈေးအတွင်း ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားနေစဉ် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြစ်မဲ့ ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ ၅၀ ဦး သေဆုံးကာ ၆၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု YDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ အပြစ်မဲ့ အရပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့မှုအပေါ် ကျန်ရစ်သူ မိသားစုများနှင့်အတူ အာရက္ခ ပြည်သူတစ်ရပ်လုံးနှင့် ထပ်တူထပ်မျှ အလွန်တရာ ဝမ်းနည်းကြေကွဲရကြောင်းလည်း ပါရှိသည်။

ထို့ပြင် စစ်ဘေးနှင့် သဘာဝဘေးအန္တရာယ်များကို နှစ်ရှည်လများ ခံစားခဲ့ရသည့် အာရက္ခ ပြည်သူများအနေဖြင့် ယခုအချိန်တွင် လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး ပန်းတိုင်မှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း YDF က ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် မဟာမိတ် တော်လှန်ရေး အင်အားစုများနှင့်အတူ အင်တိုက်အားတိုက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ယောကာကွယ်ရေးတပ် (YDF) က ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ