
AB News – အောက်တိုဘာ ၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ပေါ် ရပ်ကွက်များကို စစ်ကော်မရှင်တပ်က ယနေ့တွင် ဂျက်တိုက်လေယာဉ်များအပြင် Y-12 တို့ဖြင့် လေကြောင်းမှ ဗုံး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ယနေ့တွင် ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ဗုံး ၃ လုံး၊ Y-12 လေယာဉ် ၁ စီးဖြင့် ဗုံး ၆ လုံး (စုစုပေါင်း ဗုံး ၉ လုံး) ကို ကျောက်တော်မြို့ပေါ်ရှိ အရပ်သားပြည်သူများ စည်ကားရာနှင့် နေထိုင်ရာ ရပ်ကွက်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ကြဲချခဲ့ခြင်းဖြစ်သည်။
လက်ရှိ အချိန်အထိ သတင်းရင်းမြစ်များ၏ အတည်ပြုချက်အရ တိုက်ခိုက်ခံရသည့် နေရာများမှာ ကျောက်တော်မြို့နယ်ရှိ ဇီးချောင်းကျေးရွာ နှင့် မြို့ပေါ် လမ်းမတော်ရပ်ကွက် တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အခြား ထိခိုက်မှုရှိနိုင်သည့် ရပ်ကွက်/ကျေးရွာများအပြင် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံ ပျက်စီးသွားသည့် အခြေအနေ အသေးစိတ်ကို AB News အနေဖြင့် ဆက်လက် စုံစမ်းစိစစ်လျက် ရှိပါသည်။