သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျိန္တလီနှင့် ‌ရေကျော်ရွာ ဗုံးကြဲမှုအတွင်း ဒဏ်ရာရ သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံး



AB News – ဇွန် ၂၇၊ ၂၀၂၆

ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် ရေကျော်ရွာ ဗုံးကြဲမှုဖြစ်စဥ်အတွင်း ဒဏ်ရာရရှိသူ ၆ ဦးရှိခဲ့ရာ ယင်းအထဲမှ သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးခဲ့သူမှာ ရေကျော်ကျေးရွာမှ ဦးဝေရာမင်း ၄၅ နှစ် ဖြစ်ပြီး ဒဏ်ရာပြင်းထန်၍ ဆေးကုသမှုခံယူနေစဉ် ဇွန်လ ၂၆ရက်၊ ညနေပိုင်းအချိန်တွင် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ယမန်နေ့ ဇွန်လ ၂၆ ရက်၊ ညနေပိုင်း ၃နာရီခန့်အချိန်တွင် အကြမ်းဖက်စစ်တပ်၏ ဂျက်ဖိုက်တာတစ်စီးသည် ရေကျော်ရွာ၊ ဘုန်းကြီး​ကျောင်းကို ပေါင် ၅၀၀ ဗုံး ၁ လုံး၊ စာသင်ကျောင်းကို ပေါင် ၃၀၀ ဗုံး ၁လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညနေ ၃နာရီ၊ ၁၀မိနစ် ခန့်အချိန်တွင်လည်း ကျန္တလီမြို့ ၊ အမှတ် ၂ ရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဦးဝေရာမင်းအပါအဝင် ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပြီး အခြားဒဏ်ရာရရှိသူ ၅ ဦးထဲတွင် ဒဏ်ရာ ပြင်းထန်သူများရှိနေပြီး အရေးပေါ်ဆေးကုသမှု ခံယူလျက်ရှိနေကြောင်းသိရသည်။

ဓာတ်ပုံ – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ