သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့၊ GTI နှင့် အ.ထ.က (၁) ကို စစ်ကော်မရှင် လေကြောင်းဗုံး​ကြဲတိုက်ခိုက်၊ အရပ်သား ၂ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

AB News – နိုဝင်ဘာ ၁၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ သံတွဲမြို့ရှိ စစ်မှုလက်မှုသိပ္ပံကျောင်း (GTI) နှင့် အ.ထ.က (၁) တို့ကို စစ်ကော်မရှင်က ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယနေ့ နေ့လယ် ၁၁ နာရီခွဲခန့်အချိန်က စက်မှုလက်မှုသိပ္ပံကျောင်း (GTI) နှင့် အ.ထ.က (၁) တို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သား ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကနဦး စုံစမ်းသိရှိရသည်။

အဆိုပါဗုံးကြဲမှုနှင့်ပတ်သတ်၍ ထိခိုက်ပျက်စီးမှုအခြေအနေအ​​သေးစိတ်ကို AB News မှ ဆက်လက်စုံစမ်းလျက်ရှိသည်။

အလားတူ စစ်ကော်မရှင်သည် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညဉ့် ၁၁ နာရီခွဲအချိန်ကလည်း ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးကျောင်းကို ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

အဆိုပါဗုံးကြဲမှုကြောင့် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရွာမှ အသက် ၂၅ နှစ်အရွယ် ကိုမျိုးမင်းကိုနှင့် ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် မယုဇာခိုင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုက်ပျိုးရေးကျောင်းဝင်းရှိ အဆောက်အဦး ၂ ခု ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော်ထံ စစ်ရေးရှုံးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်း စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများဖြစ်သော စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ အစိုးရ အဆောက်အဦးများ၊ ပြည်သူများ သွားလာနေသည့် လမ်းတံတားများ၊ လူစည်ကားရာဈေးများ နှင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများကို ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ