AB News – အောက်တိုဘာ ၁၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နယ်(ခွဲ)၊ လုံးတော်ပေါက်ကျေးရွာကို ယနေ့ အောက်တိုဘာလ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီ၊ ၂၀ မိနစ်ခန့်တွင် စစ်ကော်မရှင် လေတပ်က ဂျက်ဖိုက်တာ (၂) စီးဖြင့် ဗုံး (၄) ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စစ်ကော်မရှင် လေတပ်က ဂျက် (၂) စီးနဲ့ ဗုံး (၄) လုံး ကြဲသွားတယ်။ ထိခိုက်ပျက်စီးမှုတွေကိုတော့ မသိရသေးပါဘူး” မအီမြို့ခံတစ်ဦးက AB News သို့ ပြောသည်။
ဗုံးကြဲမှုနှင့်ပတ်သက်သည့် ထိခိုက်ပျက်စီးမှု အသေးစိတ်အချက်အလက်များကို Arakan Bay News မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
