သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အဉ္ဇနပူရမြို့နယ်ရှိ စွန်ရဲတံတားကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲဖျက်ဆီး

AB News – နိုဝင်ဘာ ၁၄၊ ၂၀၂၆

ရက္ခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်ရှိ ကုန်သည်များနှင့် ခရီးသွားပြည်သူများ အဓိက အားထားသွားလာနေသည့် စွန်ရဲတံတားကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ယနေ့ နံနက်အစောပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ (နိုဝင်ဘာ ၁၄ ရက်) နံနက်အစောပိုင်း ၁ နာရီ ၅၈ မိနစ်အချိန်တွင် စစ်ကော်မရှင်တပ်၏ ဂျက်တိုက်လေယာဉ်သည် စွန်ရဲတံတားပေါ်သို့ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး၊ နံနက် ၂ နာရီ ၁၀ မိနစ်အချိန်တွင် ဒုတိယအကြိမ်အဖြစ် ဗုံးတစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းရေးနှင့် အများပြည်သူ နေ့စဉ်သွားလာရေးအတွက် အရေးပါသည့် စွန်ရဲတံတားမှာ ထိခိုက်ပျက်စီးသွားခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်း စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သား အခြေခံအဆောက်အအုံများနှင့် လမ်းတံတားများကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ဖျက်ဆီးလျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အကြားရှိ ယိုးချောင်းတံတားကို လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့သဖြင့် ခရီးသွားပြည်သူ ၇ ဦး သေဆုံးခဲ့ရသေးသည်။

(ပုံ – CJ)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ